တပ်သားသစ်စုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး KNDF ဆီ ထွက်ပြေးခိုလှုံ

တပ်သားသစ်စုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး KNDF ဆီ ထွက်ပြေးခိုလှုံ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ထဲကနေ စစ်ကောင်စီတပ်ရဲ့ အတင်းအကြပ် တပ်သားသစ်စုဆောင်းတာကို ခံခဲ့ရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် ၂ ဆီ ထွက်ပြေးခိုလှုံလာတယ်လို့ KNDF တပ်ရင်း အမှတ် ၂ သတင်းနဲ့ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ ၂၀၂၄ ဇွန်လမှာ ပန်းတောင်းမြို့နယ်ထဲမှာ စစ်မှုထမ်းဖို့အတွက် စုဆောင်းခံခဲ့ရပြီး ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မှာ စစ်သင်တန်း အပတ်စဉ် ၃ တက်ရောက်ခဲ့ရကာ အဲ့ဒီကနေတဆင့် သင်တန်းဆင်းပြီးချိန် လွိုင်ကော်မြို့ကို ပို့ဆောင်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လွိုင်ကော်မြို့မှာတာဝန်ကျနေစဉ် ၂၀၂၅ ဇန်နဝါရီလထဲမှာတော့ တာဝန်ကျရာလွိုင်ကော်မြို့ပြင် ကင်းစခန်းတခုကနေ ထွက်ပြေးလာခဲ့ပြီး KNDF တပ်ရင်း အမှတ် ၂ ဆီရောက်ရှိလာခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ကောင်းမွန်စွာစစ်ဆေးခဲ့ကာ လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် ၂ ဟာ ထွက်ပြေးခိုလှုံလာမယ့် အခြားသောစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြိုဆိုနေပြီး အာဏာရှင်ခေါင်းဆောင်တွေရဲ့ အကျိုးအတွက်ရပ်တည်နေတာထက် ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်အဖြစ်ကနေ အချိန်မီစွန့်ခွါကြကာ ပြည်သူလူထုဆီခိုလှုံဖို့နဲ့ ဂုဏ်သိက္ခာရှိရှိ ရှင်သန်ကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ 

#မြေလတ်အသံ 

#KNDF #စစ်ကောင်စီတပ်ဖွဲ့ဝင် #ပန်းတောင်းမြို့  #ထွက်ပြေးခိုလှုံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10