သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွက်ရှိ ဒန်းကိုင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့ ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီခန့်တွင် ရှော့တိုက်ဒုံးဖြင့် ကံမ-သရက်ပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မနက် ၂ နာရီခန့်တွင် ရှော့တိုက် တလုံးနှင့် အရင်စပစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီဂိတ်မှ သေနတ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ကံမ-သရက် ပူးပေါင်းအဖွဲ့မှ နောက်ထပ်ရှော့တိုက် တလုံးထပ်ပစ်၍ ဘေးကင်းစွာဆုတ်ခွာခဲ့ကြောင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိနှင့် နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း တာဝန်ရှိသူမှ ပြောသည်။
"အဓမ္မ စစ်သားစုဆောင်းတာ ရွာအချို့ကိုရည်ရွယ်ချက်ရှိရှိ လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာပါ" ဟု အဖွဲ့တာဝန်ရှိသူမှ မြေလတ်အသံကို ပြောသည်။
ကံမ-သရက် ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့ ကလည်း သရက်မြို့နယ် သာစည်ကျေးရွာအနီး Mytel Tower တိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#မြေလတ်အသံ
Share Share Share