တမူးမြို့က ရပ်ကျေးကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦး အသတ်ခံရ

တမူးမြို့က ရပ်ကျေးကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထုံကတင်ရွာက ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတဦး သြဂုတ် ၁၇ ရက်မနက် ၉ နာရီကျော်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ် ဦးမြင့်ဆွေဖြစ်ပြီး မင်းသာရွာနဲ့ ဝက်ရှုရွာ အကြားက ကားလမ်းမဘေးမှာ သေနတ်နဲ့ ပစ်ခံလိုက်ရတာလို့ ဆိုပါတယ်။ 

"သူက ဆိုင်ကယ်နဲ့ မင်းသာရွာကိုသွားတာ။ အဲ့ဒီအချိန်မှာ ပစ်ခံရတာလို့ သိရတယ်။ ဘယ်အဖွဲ့က ပစ်သွားလဲဆိုတာတော့ မသိရပါ"လို့ တမူးမြို့ဒေသခံအမျိုးသားတဦးက ပြောပါတယ်။ 

ဦးမြင့်ဆွေဟာ ကျေးရွာကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သလို စစ်ကောင်စီတပ်သားတွေကလည်း သူတို့နေအိမ်ကို အမြဲလိုလိုလာရောက်လေ့ရှိပြီး စစ်တပ်နဲ့ ဆက်နွယ်နေသူ တဦးဖြစ်တယ်လို့ အထက်ပါ အမျိုးသားကပြောပါတယ်။

ဦးမြင့်ဆွေရဲ့ရုပ်အလောင်းကိုတော့ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခံရတဲ့ နေရာကနေ ကားတစီးနဲ့ သွားယူပြီး နေအိမ်ကိုပို့ဆောင်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ ထုတ်ပြန်ကြေငြာထားတာ မရှိသေးပါဘူး။ 

အလားတူ တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူတွေ မကြာခဏရှင်းလင်းခံနေရပြီး ဒေသခံပြည်သူတွေကိုလည်း ဒလန် ပျူစောထီးအဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဥ်တွေ ဖြစ်ပေါ်လျှက်ရှိနေပါတယ်။ 

ဇူလိုင် ၂၅ ရက် ည ၈ နာရီကျော်ကလည်း တမူးမြို့၊ စန္ဒကူး(၁ - ခ) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်အေး၊ သမီးဖြစ်သူ မငြိမ်ငြိမ်း ၂၁ နှစ်၊ သားဖြစ်သူ မောင်ပြည့်သျှန် ၁၆ နှစ်တို့ကို ပန်းချီချမ်းမြင့် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက နေအိမ်မှာ ပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #ဒလန် #အသတ်ခံရ #သတင်း #ကြံ့ခိုင်ရေးပါတီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10