သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စန္ဒကူး (၁-ခ)ရပ်ကွက်မှာ နေထိုင်ကြတဲ့ သားအမိ ၃ ဦးကို ဇူလိုင် ၂၅ ရက်ည ၈ နာရီကျော်မှာ ပျူစောထီးအဖွဲ့က သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ တမူးတပ်ရင်း (၄) က ပြောပါတယ်။
သေဆုံးသူမှာ မောင်ပြည့်လျှန် ၁၆ နှစ်(သား)၊ မငြိမ်းငြိမ်း၂၁ နှစ်(သမီး)၊ ဒေါ်အေး ၄၈ နှစ် (အမေ) တို့ဖြစ်ပြီး သူတို့ကို ပန်းချီချမ်းမြင့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က နေအိမ်ထဲမှာ ပစ်သတ်ခဲ့တာလို့ ဆိုပါ တယ်။
ပျူစောထီအဖွဲ့တွေဟာ မေးမြန်းစရာရှိတယ်လို့ဆိုကာ အသတ်ခံရသူတွေရဲ့ နေအိမ်ကိုရောက်လာပြီး ညစာ ထမင်းစားသောက်ပြီးတဲ့နောက်မှာတော့ နေအိမ်အိပ်ခန်းထဲမှာပဲ သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။
"သမီးဖြစ်သူမှာဆိုရင် မျက်နှာက ရစရာမရှိအောင်ဖြစ်သွားတယ်" လို့ တမူးတပ်ရင်း(၄) မှတာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။
အဆိုပါ သားအမိ ၃ ဦးမှာ PDF ကို ထောက်ပို့လုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အခုလိုမျိုး သတ်သွားတာလို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #တမူးမြို့ #စန္ဒကူး(၁-ခ)ရပ်ကွက် #မိသားစုဝင်၃ဦး #အသတ်ခံရ
Share Share Share