တမူး၊မြို့သစ် မြို့သိမ်းတိုက်ပွဲ ရဲ ၂၀ ကျော် လက်နက်ချ၊ ၅ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

တမူး၊မြို့သစ် မြို့သိမ်းတိုက်ပွဲ ရဲ ၂၀ ကျော် လက်နက်ချ၊ ၅ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တမူးမြို့နယ်၊ မြို့သစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မြို့သစ်မြို့မှာ စစ်ကောင်စီတပ် ခလရ ၂၂၈ ၊ ရဲ၊ ပျူစောထီး(စစ်တပ်ပြည်သူ့စစ်)၊ SNA တပ်မဟာ ၈၉၁ (တပ်ရင်း ၃)၊ ကသည်းတပ်ဖွဲ့ ပူးပေါင်းအင်အား ၂၅၀ ခန့် အခြေပြုတပ်စွဲနေတာဖြစ်ပြီး မေ ၇ ရက်ကနေ ၁၁ ရက်အထိ ၅ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း မြို့သစ်ရဲစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒုရဲအုပ် ကျော်ကျော်လွင်၊ ဒုရဲအုပ် မျိုးသန့် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၁ ဦး အလံဖြူပြ လက်နက်ချအညံ့ခံခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရစာရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်တွေကိုင်ဆောင်တဲ့ လက်နက်ငယ် ၂၉ လက် အပါအဝင် ခဲယမ်းမီးကျောက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီမြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တမူးခရိုင်တပ်ရင်း ၂၊ အထူးလှုပ်ရှားတပ်ရင်း ၉၊ ကူကီးအမျိုးသားတပ်မတော်KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(တမူး-ပကဖ)က ထောက်ပံ့ပို့ဆောင်ရေးအနေနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - NUG MOD

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #မြို့သစ်မြို့ #တိုက်ခိုက်သိမ်းပိုက် #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10