တမူးမှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ချ အလင်းဝင်

တမူးမှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ချ အလင်းဝင်

 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး နို၀င်ဘာ ၂၀ ရက်က လက်နက်ချအလင်းဝင်လာတယ်လို့ တမူးခရိုင် တပ်ရင်း ၄ ကပြောပါတယ်။

အလင်းဝင်တဲ့ ၂ ဦးမှာ တီးတိန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ တပ်သား ကျော်လင်းထိုက် ၃၁ နှစ် နဲ့ ကောင်းထက်အောင် ၂၅ နှစ်တို့ဖြစ်ပြီး MA - 2၊ 4 လက်နက် ၂ လက်နဲ့အတူ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

"တိုက်ပွဲ တနေရာမှာပေါ့။ ဒီတပ်သား၂ ယောက်က ပုန်းနေရာကနေ ကျွတ်ကျွတ်အိတ်ကို အလံဖြူပုံစံလုပ်လို့ ထောင်ပြီး လက်နက်ချ အလင်းဝင်ခဲ့တာ"လို့ တမူးခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူတဦးကပြောပါတယ်။

တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာအနီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့တို့ နို၀င်ဘာ ၂၀ ရက်က တိုက်ပွဲဖြစ်ပြီးနောက်မှာ အထက်ပါ တပ်သား ၂ ဦး အလင်း၀င်ရောက်လာတာလို့ ဆိုပါတယ်။ 

လက်ရှိမှာ သူတို့ ၂ ဦးကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး တပ်ရင်းအနေနဲ့ ခက်ခဲနေချိန်ဖြစ်တာကြောင့် ဆုငွေမချီးမြှင့်နိုင်သေးပေမယ့် ၎င်းတို့ရဲ့ အချက်အလက်တွေကိုတော့ NUG ဝန်ကြီးဌာနတွေဆီကိုတင်ပြထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #စစ်ကောင်စီ #အလင်းဝင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10