တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲခံရပြီးနောက် ရုံးရှေ့လမ်းတွေကို ရဲလုံခြုံရေးအများအပြားချပြီး စက်ဘီးဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်

တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲခံရပြီးနောက် ရုံးရှေ့လမ်းတွေကို ရဲလုံခြုံရေးအများအပြားချပြီး စက်ဘီးဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ရုံးအရှေ့ဘက်လမ်းတွေကို ကား၊ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။  

ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၂ လမ်းနဲ့ ၁၀၃ လမ်းကြားရှိ တရုတ်ကောင်စစ်ဝန်ရုံးကို  အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲလို့ ရုံးခေါင်မိုးပျက်စီးခဲ့ပါတယ်။ 

အဲ့ဒီနောက်ပိုင်းကစလို့ ရဲလုံခြုံရေးအင်အားအများအပြားစောင့်ပြီး ၇၃ လမ်း၊ ၁၀၂ လမ်းကနေ ၁၀၄ လမ်းအထိ ဖြတ်သန်းခွင့်ပိတ်ထားတာလို့ ဆိုပါတယ်။ 

ကားတွေကိုလည်း ဘယ်ရီဂိတ်အပြည့်ချကာ ကား ၁ စီးလွတ်ရုံသာ လမ်းအကျယ်ကို ခွင့်ပြုထားတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

"ကားကလည်း ယာဥ်မောင်းလိုင်စင်ဖြေသလို မောင်းရတယ်"လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ကားလမ်းကိုဖွင့်ထားပေမယ့် ဘယ်ရီဂိတ်တွေအများအပြားချထားတာကြောင့် အများစုက ဘောလုံးကွင်းပတ်သွားရတဲ့တခြားလမ်း ၁ ခုကနေ ရှောင်ကွင်းသွားနေကြပြီး အဲ့ဒီလမ်းမှာလည်း နေ့တိုင်းနီးပါးယာဥ်ကြောပိတ်ဆို့မှုတွေဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

ဒါ့အပြင် အဓိကမိန်းလမ်းမကြီး ၁ ခုဖြစ်တဲ့ ၁၀၁ လမ်း (သိပ္ပံလမ်း) ပေါ်မှာလည်း ရဲတွေက ၂၄ နာရီ ကင်းပုံးချထားကာ ည ၈ နာရီနောက်ပိုင်းနဲ့ မနက် ၇ နာရီလောက်အထိ သွားလာနေတဲ့ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကောင်စစ်ဝန်းရုံးဘက်ကို သွားတဲ့လမ်း ပိတ်ထားစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ချမ်းမြသာစည် #တရုတ်ကောင်စစ်ဝန်ရုံး #ဗုံးခွဲ #လမ်းပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10