တလိုင်းရွာကို Mi-35 လေယာဉ် ၂ စီးနဲ့ လာပစ်ပြီး ရွာကိုမီးရှို့သွား

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ တလိုင်းရွာကို စစ်ကောင်စီက Mi-35 လေယာဉ်နဲ့ ဝေဟင်ကနေ ပစ်ခတ်ပြီး ရွာကိုပါ မီးရှို့သွားတယ်လို့ Bo Tiger - ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၈ ရက် မနက် ၁၀ နာရီလောက်မှာ ရွှေဘိုဘက်ကနေ Mi-35 ၂ စီးနဲ့ လာပစ်ပြီး တလိုင်းရွာကို တပ်အင်အားချကာ ရွာထဲကို မီးဝင်ရှို့လို့ အိမ် ၂ လုံး မီးထဲပါသွားပြီး ရွာထဲကို မွှေ နှောက်သွားတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

အဲဒီနေ့မှာပဲ နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီအုပ်စု အင်အား ၁၀၀ ကျော်နဲ့ အုတ်ဖိုဘက်က ထွက်လာတဲ့အချိန် ကာကွယ်ရေးအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေဘိုဘက်က စစ်သားတွေနဲ့ စစ်ကိုင်းတပ်မ ၃၃ က စစ်သားတွေဖြစ်ပြီး အပြန်အလှန်ပစ်ခတ်နေချိန်မှာ မုံရွာ နမခ ကနေ Mi- 35 ၁ စီး ပစ်ကူပေးခဲ့ပြီး အဲဒီစစ်ကြောင်းဟာ အုတ်ဖိုရွာထဲမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10