သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို ပျူစောထီးနဲ့ရဲတွေပေါင်းပြီး ဝင်မွှေနေတာကြောင့် ဒေသခံတွေရှောင်တိမ်းနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ မတ္တရာမြို့နယ်၊ သူရဲဇက်ကျေးရွာကို ရောက်ရှိနေပြီး ဒေသခံတွေက နီးစပ်ရာတောစပ်တွေကို ရှောင်တိမ်းနေတယ်လို့ သိရပါတယ်။
"ပြည်သူတွေကိုတော့ ဖမ်းတာ၊ ဆီးတာမျိုးမလုပ်သေးဘူး။ ရှောင်တိမ်းနေတဲ့အိမ်တွေက ပစ္စည်းတွေကိုယူတာတော့ လုပ်တယ်။ ဒီအဖွဲ့က တိုက်ခိုက်ရေးလာတဲ့ စစ်တပ်မဟုတ်ဘူး။ မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်ကနေ တနေ့ ၁၅၀၀၀ နဲ့ ငှားလာတဲ့ ပျူတွေနဲ့အောင်ပင်လယ်ကရဲတွေ အုပ်စုဖြစ်တယ်လို့ စုံစမ်းသိရတယ်။ အင်အား ၄၀ လောက်ပါတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးက ပြောပါတယ်။
သူရဲဇက်ကျေးရွာဟာ အိမ်ခြေ ၁၃၀ ခန့်ရှိပြီး လူဦးရေ ၇၀၀ ခန့်နေထိုင်ကြတာဖြစ်သလို လက်ရှိမှာတော့ အနီးနားကျေးရွာတွေဖြစ်တဲ့ အလည်ရွာ၊ ဗားဒရဲ၊ ကိုးပင် စတဲ့ရွာတွေလည်း ရှောင်တိမ်းနေရတဲ့အတွက် စစ်ရှောင် ၂၀၀၀ ကျော်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁၅ ရက်ကလည်း ညောင်အုပ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်တပ်ဟာ ဒေသခံပြည်သူ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ဒေသခံတွေကြောက်လန့်ပြီး ရှောင်တိမ်းနေကြတာလို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#မန္တလေး #မတ္တရာ #ပျူစောထီး #ရဲ #NUG #သူရဲဇက် #စစ်ရှောင်
Share Share Share