တာပြတ်တံတားစောင့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေ

တာပြတ်တံတားစောင့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးရှိ တာပြတ်တံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ Fire Drgon အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနက် ၅ နာရီကျော်မှာ အင်အား ၂၅ ဦးလောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်က အလစ်အငိုက်သွားတိုက်တာ။ သူတို့ဘက်က အငိုက်မိသွားလို့ ချက်ချင်း ပြန်မပစ်နိုင်ဘူး။ ၁၀ မိနစ်လောက်ကြာမှ (လက်နက်) အကြီးအသေးအစုံပဲ ပြန်ပစ်တာ"လို့ Fire Drgon တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပြီး ဒီအရေအတွက်ကို မြေပြင်သတင်းပေးတွေရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တာလို့ဆိုပါတယ်။

ထိခိုက်သေဆုံးသွားသူတွေကို ကျန်စစ်ကောင်စီအဖွဲ့တွေက ညောင်လေးပင်ဆေးရုံကို သယ်ဆောင်သွားခဲ့ကာ သယ်သွားတဲ့အချိန်မှာလည်း ညောင်လေးပင်-မဒေါက်သွား ကားလမ်းကို စစ်သားတွေက နှစ်နာရီလောက် ပိတ်ထားခဲ့တယ်လို့ Fire Drgon တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနဲ့အင်ဝိုင်းကျေးရွာအနီးက စစ်ကောင်စီနေရာ ၃ ခု တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၁၀ ဦးကျော်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပုဇွန်မြောင်းကျေးရွာ တာပြတ်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ပုဇွန်မြောင်းကျေးရွာ #တာပြတ်တံတား #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10