တိုက်ပွဲကျရဲဘော် ၃ ဦးအတွက်ရည်စူးပြီး စစ်တပ်ဖျက်ဆီးခဲ့တဲ့ဇရပ်ကို ပြန်လည်တည်ဆောက်

တိုက်ပွဲကျရဲဘော် ၃ ဦးအတွက်ရည်စူးပြီး စစ်တပ်ဖျက်ဆီးခဲ့တဲ့ဇရပ်ကို ပြန်လည်တည်ဆောက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားတဲ့ ဇရပ်ကို ကျဆုံးရဲဘော် ၃ ဦးအတွက်ရည်စူးပြီး ပြန်လည်တည်ဆောက်နေတယ်လို့ ကျားသစ်နက် တပ်မတော် - Black Leopard Army အဖွဲ့ဆီက သိရပါတယ်။ 

ကျဆုံးရဲဘော်တွေကို အမြဲအမှတ်ရနေစေဖို့နဲ့ ပြည်သူတွေအေးချမ်းစွာနားနေနိုင်ဖို့ အဓိကရည်ရွယ်ကာ အောက်တိုဘာ ၁၆ ရက်မှာ စတင်တည်ဆောက်နေတာဖြစ်ပြီး အားလုံးပြီးစီးတဲ့အထိ ခန့်မှန်းခြေ ရက် ၂၀ လောက်ကြာနိုင်တယ်လို့ ဆိုပါတယ်။ 

“ကုန်ကျစရိတ်က သိန်း ၅၀ ခန့်မှန်းထားပါတယ်။ အချို့ သစ်၊ ဝါးတွေက နယ်ခံတွေက ပူးပေါင်း ပါဝင်တာရှိတယ်၊ ကျနော်တို့တပ်ရင်းက သိန်း ၄၀ လောက်တော့ ကုန်ကျနိုင်ပါတယ်” လို့ ကျားသစ်နက်တပ်မတော် Black Leopard Army ဥက္ကဌဦးဥက္ကာက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သံဘိုကြီးကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ချိန် BLA အဖွဲ့က အသက် ၁၈ နှစ်အရွယ် ရဲဘော်ရန်ပိုင်စိုး၊ ၂၄ နှစ်အရွယ် ရဲဘော်နှင်းလွင်ဦးနဲ့ ၁၆ နှစ်အရွယ် ရဲဘော်သန်းအောင်တို့ ကျဆုံးခဲ့တာပါ။  

သူတို့မကျဆုံးခဲ့မှာလည်း တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ဒေသခံ ၁၅၀ ကျော်ကို မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး ကယ်ထုတ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေက အထက်ပါဇရပ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ မပြုပြင်နိုင်ခဲ့ကြတာလို့ Black Leopard Army ဥက္ကဌဦးဥက္ကာက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #မြိုင် #စစ်ကောင်စီ #မီးရှို့ #ဇရပ် #ပြန်တည်ဆောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10