သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဘေးက ထီးချိုင့်မြို့ငယ်ကလေးဟာ စစ်တပ်အာဏာမသိမ်းခင်က ငြိမ်းချမ်းလှပတဲ့ မြို့လေးတမြို့ပါ။ မြို့ပေါ်လူဦးရေ ၂၀,၀၀၀ ခန့်ရှိပြီးတော့ မြို့ခံတွေဟာ အရောင်းအဝယ်ကို အဓိကထားလုပ်ကိုင်ကြပါတယ်။ ထီးချိုင့်မြို့ဝန်းကျင်က ကျေးရွာတွေကလည်း ဒီမြို့ကလေးကို အားထားပြီး ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားလို့ စည်ကားတဲ့ ကမ်းနားမြို့ကလေးပါ။
ဒီမြို့လေးဟာ စစ်ကိုင်းတိုင်းထဲက မြို့တွေအပါအဝင် မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်က မြို့တွေနဲ့ပါ လမ်းပန်းဆက်သွယ်ရေးအရ ချိတ်ဆက်ထားနိုင်ပြီး စီးပွားရေးအရ အဓိကကျတဲ့ မြို့လေးတမြို့ပါ။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းမြောက်ဘက်က ဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ ဖြစ်လာတဲ့အခါမှာတော့ ဒီလိုလမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ ထီးချိုင့်မြို့လေးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် စစ်ရေးအရ ဗျူဟာကျတဲ့ မြို့လေးဖြစ်လာပြီး တိုက်ပွဲတွေကြားမှာ ပြာပုံဘဝကို ရောက်သွားရပါတော့တယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ရုပ်သံဆောင်းပါး #တိုက်ပွဲ #စစ်ကိုင်း #ထီးချိုင့် #စစ်ပွဲ
Share Share Share