တိုက်ပွဲက အောင်မြင်စွာပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သပြေခက်နဲ့ ကြိုဆို

တိုက်ပွဲက အောင်မြင်စွာပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သပြေခက်နဲ့ ကြိုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာတခုမှာ တိုက်ပွဲကအောင်မြင်စွာပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သပြေခက်နဲ့ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ ABSDF Column - 3 ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်ကတဆင့် သိရပါတယ်။

ဒေသခံတွေရဲ့နေအိမ်မှာရှိတဲ့ ရိက္ခာတွေကိုခိုးယူဖို့အတွက် ဇွန်လဒုတိယပတ်အတွင်းကစလို့ ဇီးဖြူကုန်းပျူစောထီးရွာကနေ ထွက်လာတဲ့ ခမရ ၇၀၄ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းကို ကာကွယ်ရေးရဲဘော်တွေက ၂ ပတ်တာကာလအကြာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲနိုင်လာတဲ့အတွက် အခုလို ကြိုဆိုကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ရန်သူစစ်ကြောင်း ပြန်ဆုတ်ခွာပြီး တာဝန်ကျရာနေရာကနေ ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုတာပါ၊ ရန်သူ စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခံရတော့ သူတို့မှာ သေဆုံးသူ၊ ဒဏ်ရာရသူတွေရှိလာတော့ ရှေ့ဆက်မသွားတော့ဘဲ ပျူရွာထဲ ပြန်ဝင်သွားတယ်” လို့ ကိုပြည့်ဖြိုးကျော်က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနားမှာ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးလုယက်နေပြီး နယ်မြေခံကာကွယ်ရေးအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ကျေးရွာတချို့က ပြည်သူပိုင် ပစ္စည်းတွေကိုယူခွင့်မရဘဲ စစ်ကြောင်းပြန်ဆုတ်ခွာသွားရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၄ ရက်နေ့ကလည်း မင်းတိုင်ပင်ရွာနဲ့ ဇီးဖြူကုန်းရွာကြားမှာ စစ်ကောင်စီနဲ့ ABSDF စစ်ကြောင်း ၃၊ ပုလဲမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #PDF #ဒေသခံ #ကြိုဆိုမှု #တိုက်ပွဲ #အောင်မြင်မှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10