တိုက်ပွဲတွင်း ပြောင်းကွဲလို့ PDF တဦးကျဆုံး (ရုပ်/သံ)

ကိုင်းတောမရဲစခန်းတိုက်ပွဲမှာ လက်လုပ် လက်နက်ကြီး ပြောင်းကွဲလို့ အစအနထိမှန်ပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် ညနေ ၅ နာရီခွဲလောက်မှာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းအနီးမှာ တပ်မ ၁၀၁ က စစ်သားတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြန်အ လှန် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။

အဲ့ဒီနေ့ တိုက်ပွဲကပြန်ဆုတ်လာတဲ့ ရဲဘော်တွေကို နောက်တန်းကနေ လက်နက်ကြီးနဲ့ ကာပစ်ပေးချိန် လက်လုပ်လက်နက်ကြီး ပြောင်းကွဲခဲ့လို့ ဗီဒီယိုမှတ်တမ်းယူနေတဲ့ Pakokku Underground Force က အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျော်သူအောင် (ခေါ်) Snake ကြီး ကျဆုံးခဲ့ပါတယ်။ 

ရဲဘော်ကျော်သူအောင်ဟာ Pakokku Underground Force အဖွဲ့မှာ ပထမဦးဆုံး ကျဆုံးရဲဘော်ဖြစ်ပြီး ဩဂုတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ဂူသွင်းပြီး ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြပေမယ့် သူ့ရဲ့ မိသားစုဝင်တွေကတော့ လုံခြုံရေးအရ တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ 

 လက်ရှိမှာတော့ နာရေးကာလဖြစ်နေတာကြောင့် မိသားစုဝင်တွေကို ထောက်ပံ့တာမျိုးတွေ မလုပ်ဖြစ်သေးပေမယ့် နောက်ပိုင်းမှာ ထောက်ပံ့ကူညီတာတွေလုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာလာတဲ့အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့အများစုဟာ လက်လုပ်လက်နက်တွေကိုသာ အသုံးပြုနေကြရသေးသလို လက်နက်ခဲယမ်းတွေကအစ အခက်အခဲတွေနဲ့ ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။  

စစ်ကိုင်းတိုင်းထဲက တိုက်ပွဲအတွင်း ကျဆုံးရဲဘော်အများစုဟာ အရည်အသွေးမပြည့်တဲ့ လက်လုပ်တာဝေးပစ်တွေ ပြောင်းကွဲတာကြောင့် ထိခိုက်ကျဆုံးခဲ့ကြတာဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မကွေး #မြိုင် #ကိုင်းတောမ #တိုက်ပွဲ #PDF #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10