သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်မွန်းချုံရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွာကိုမဲကာ မီးတင်ရှို့သွားတယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက် မနေ့ကမနက် ၇ နာရီဝန်းကျင်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းမှာ ရွာကို မီးရှို့သွားတာလို့ ဆိုပါတယ်။
“လေဖြတ်ထားတဲ့ ဘိုးဘွားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အရေးပေါ်ကယ်တင်ထားရတယ်။ နေ့လည်ပိုင်း မီးရှို့ခံရပြီး ညပိုင်း နယ်မြေရှင်းလင်းရေးနဲ့ စစ်ရှောင်ပြောင်းရွှေ့ရေး လုပ်ရတယ်။ ပြည်သူတွေကိုလည်း ကျနော်တို့ ခံစစ်အဝန်းအဝိုင်းအတွင်းက နယ်မြေစိုးမိုးပြီးသား ကျေးရွာတွေကို ပြောင်းရွှေ့အခြေချထားပါတယ်" လို့ PDF Salin အဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။