သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တနေရာမှာ တော်လှန်လူငယ်များကွန်ယက် (မုံရွာ) အဖွဲ့က ရုန်းကန်တော်လှန်ပြည်သူ့အသံ သံချပ်ကို ဧပြီလ ၇ ရက်မနေ့က ပြုလုပ်ခဲ့ပါတယ်။ 
တော်လှန်သင်္ကြန်ကာလအတွက် ဒီသံချပ်ကို ပြုလုပ်ရတာဟာ တော်လှန်ရေးမှာစစ်ကိုင်းတိုင်း သာမက ပြည်သူတရပ်လုံး ပါဝင်လာစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာလို့ မုံရွာတော်လှန်လူငယ်များကွန်ယက်မှ အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် မုံရွာမှာ စစ်ကောင်စီက သင်္ကြန်ကာလအတွင်း စည်ကားအောင် လုပ်ဆောင်မှုတွေရှိနေပြီး ဒီလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း အခုလိုပြောပါတယ်။ 
"သူတို့အပေါ်မြင်တဲ့ အမြင်အနေနဲ့ကတော့ ရွံစရာကောင်တွေဆိုတာထက် ပြောစရာ ဘာမှမရှိတော့ပါဘူးခင်ဗျ။ ပြည်သူတွေကို ပြောချင်တဲ့စကားဆိုရင်တော့ ကျနော်တိုရဲ့ အဆုံးသတ် တိုက်ပွဲအနေနဲ့ စစ်*နိဂုံး ၂၀၂၃ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဒီနှစ်ကို အပြီးသတ်ချေမှုန်းမှာမို့ သူတို့အဆုံးသတ်မှသာ ကျနော်တို့ပြည်သူတရပ်လုံး အစစ်အမှန်ပျော်ရွှင်ရတဲ့ ပွဲကြီးကျင်းပကြရအောင်လို့ ပြောချင်ပါတယ်" လို့ မုံရွာတော်လှန်လူငယ်များကွန်ယက်မှ ပြောပါတယ်။ 
သံချပ်ရိုက်ကူးရေးပြုလုပ်တဲ့နေရာဟာ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့နေရာတွေနဲ့ မဝေးသလို ဘယ်လိုထောက်လှမ်းနေမှန်းလည်း မသိတာကြောင့် အန္တရာယ်မကျရောက်အောင် သတိထားပြီး လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 
တိုက်ပွဲတွေကြားက လုပ်ခဲ့ရတဲ့သံချပ်ဖြစ်တဲ့အတွက် အမှားတွေ၊ လိုအပ်ချက်တွေပါလာရင်လည်း သည်းခံနားထောင်ပေးဖို့ မုံရွာတော်လှန်လူငယ်များ ကွန်ယက်က မေတ္တာရပ်ခံထားပါတယ်။ 
“ရုန်းကန်တော်လှန်ပြည်သူ့အသံ” သံချပ်ကို ကြည့်ရှုချင်တဲ့ ပြည်သူတွေအနေနဲ့ မုံရွာတော်လှန်လူငယ်များ ကွန်ယက်စာမျက်နှာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
#မြေလတ်အသံ