တိုက်ပွဲတွေဖြစ်လာနိုင်လို့ မန္တလေး-ရွှေဘိုကားလမ်းကို လတ်တလောအသုံးမပြုကြဖို့ PDFအဖွဲ့တွေ ထုတ်ပြန်

တိုက်ပွဲတွေဖြစ်လာနိုင်လို့ မန္တလေး-ရွှေဘိုကားလမ်းကို လတ်တလောအသုံးမပြုကြဖို့ PDFအဖွဲ့တွေ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပတ်လည်မှာ စစ်တပ်စစ်ကြောင်း ၃ ကြောင်းထပ်မနည်းရှိနေပြီး တိုက်ပွဲဖြစ်လာနိုင်တာမို့ မန္တလေး-ရွှေဘိုကားလမ်းကို လတ်တလောအသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၂၀ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

"ရွှေဘိုမြို့အရှေ့ခြမ်း၊ ကျောက်မြောင်းမြို့နယ်နဲ့ ရွှေဘိုတောင်ဘက်ခြမ်းမြို့အထွက်၊မြို့တွင်း၊ ဝက်လက်နယ်ဘက်ရောမှာစစ်ကြောင်းတွေရှိနေတယ်။ သူတို့(စစ်တပ်)ကဘသတင်းတခုခုရလို့ထင်တယ်။ အင်အားများတယ်။ အဲ့တာကြောင့် လမ်းကိုအသုံးမပြုဖို့ထုတ်ပြန်ထားတာပါ "လို့ ရွှေဘိုမြို့နယ်က ကာကွယ်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

မန္တလေး-ရွှေဘိုလမ်းကို ပြည်သူများအနေနဲ့ လတ်တလောမှာအသုံးမပြုဖို့ ထုတ်ပြန်ထားပြီး ဘယ်နေ့အထိပိတ်ထားမယ်ဆိုတာက စစ်ရေးအခြေအနေအပေါ်မူတည်နေကာ ပြီးခဲ့တဲ့၂ ရက်အတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူးလို့ သိရပါတယ်။

"အခုကတော့ စစ်ကြောင်းရှိတယ်။ နယ်မြေအခြေအနေငြိမ်နေတယ်။ တိုက်ပွဲဖြစ်တာမျိုးမရှိသေးဘူး" လို့ ကာကွယ်ရေးရဲဘော်က ဆိုပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ ဇူလိုင်လ  ၁၇ ရက်နေ့ကစတင်လို့ စစ်တပ်စစ်ကြောင်းတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်လို့ အရပ်သားတွေထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ရွှေဘို #လမ်းပိုင်း #ခေတ္တပိတ်သိမ်း #စစ်ကောင်းစီတပ် #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10