တိုက်ပွဲနားချိန်မှာ တုတ်သိုင်းပြန်သင်ပေးနေတဲ့ PDF ရဲဘော် (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲမှာ လှုပ်ရှားနေတဲ့ ကျားသစ်နက်တပ်မတော် B.L.P.A က ရဲဘော် စောလေးထူး (ခေါ်) ကရင်ဟာ တိုက်ပွဲနားလို့အားတဲ့အချိန်မှာ သူတတ်ထားတဲ့တုတ်သိုင်းပညာရပ်ကိုရဲဘော်တွေကို သင်ကြားပေးနေတာပါ။ လက်နက်မမျှဘဲ ရန်သူနဲ့အနီးကပ်တွေ့တဲ့အခါ ကို့ကိုယ်ကိုကာကွယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ အဖွဲ့ထဲကရဲဘော်တွေကို ပြန်ပြီးသင်ပေးနေတာလို့ ရဲဘော်ကရင်က ပြောပါတယ်။

ရဲဘော်ကရင်ဟာ ငယ်စဉ်ကတည်းကသိုင်းပညာကို လေ့လာလိုက်စားပြီးလက်ဝှေ့သမား ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြကြရင်း သူ့ငယ်ချင်းတွေကို စစ်တပ်ကပစ်သတ်ခဲ့တာကြောင့် စစ်တပ်ကိုနားကျည်းစိတ်နဲ့ ပြန်လည်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ကနေ စစ်ကိုင်းတိုင်းထဲကို ၂၀၂၁ ခုနှစ်က ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရဲဘော်စောလေးထူး(ခေါ် )ကရင်ဟာ ကျားသစ်နက်တပ်မတော်မှာ အထူးကွန်မန်ဒိုအဖြစ် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

သတင်း - ဒိန်းဂျား- တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10