တိုက်ပွဲပြင်းလာနိုင်လို့ လူထုကို စစ်ရေး အသိ၊ သတိနဲ့ ဘေးအန္တရာယ်လျော့ချနိုင်ရေးပညာပေး (ရုပ်/သံ)

စစ်ကိုင်းမြို့နယ်အတွင်းက ပြည်သူလူထုကို စစ်ရေးသတိ၊ စစ်ရေးအသိနဲ့ စစ်ဘေးအန္တရာယ်တွေကို လျော့ချနိုင်ဖို့အတွက် အသိပညာပေးဆွေးနွေးပွဲတခုကို နိုဝင်ဘာ ၂၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့ စစ်ရေးကပိုပြီးတင်းမာလာနိုင်တဲ့ အခြေအနေ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် ပြည်သူလူထု ဘေးကင်းလုံခြုံဖို့ အရေးကြီးလာတာကြောင့် ခုလိုပြုလုပ်ခဲ့တာလို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

ရှမ်းမြောက်က စစ်ဆင်ရေးစတင်ချိန်မှာ စစ်ကိုင်းတိုင်းဘက်က တော်လှန်ရေးအင်အားစုတွေကလည်း စခန်းသိမ်းပွဲတွေ ဆင်နွှဲနေပြီး အနယ်နယ်အရပ်ရပ်မှာလည်း စခန်းသိမ်းပွဲတွေဆင်နွှဲနေချိန် စစ်ရေးတင်းမာနိုင်ပြီး တိုက်ပွဲ‌တွေ ဒီထက်ပိုပြင်းထန်လာနိုင်တယ်လို့ သခင်ဒေါင်းညိုက ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေးကြာမြင့်လာတာနဲ့အမျှ လူထုအနေနဲ့ စာဝတ်နေရေး ခက်ခဲကျပ်တည်းလာနေပြီး ထမင်းလျှော့စားရတာ၊ ဆန်ကွဲကိုချက်စားရတာတွေ ကြုံတွေ့လာနေကြရပြီး ထပ်မံလည်း စစ်ရေးအရှိန်မြင့်လာနိုင်တာကြောင့် ဘေးအန္တရာယ်တွေ ကြိုတင်ကာကွယ် ရှောင်ရှားနိုင်ရေး ပြင်ဆင်ထားနိုင်ဖို့ လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #စစ်ဘေးသင့် #ကြိုတင်ကာကွယ်ရေး #စစ်ရှောင်ပြည်သူ #နွေဦးတော်လှန်ရေး #သခင်ဒေါင်းညိုပြောက်ကျား #လူထုအသိပညာပေးပွဲ #စားနပ်ရိက္ခာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10