တိုက်ပွဲပြန်တွေကို ကြိုဆိုတဲ့ပွဲမှာ ပြည်သူတွေက သိန်း ၆၀ ကျော်ထောက်ပံ့(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်အဖွဲ့တခုဖြစ်တဲ့ CDSOM တပ်ဖွဲ့ကို ကျေးရွာ ၃ရွာက ပြည်သူတွေစုပြီး သိန်း ၆၀ ကျော်ထောက်ပံ့ ခဲ့သလို ဖျော်ဖြေရေးတွေနဲ့ လည်းကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မေလ ၂၈ရက် မ‌နေ့က တိုက်ပွဲမှာ ဒဏ်ရာရလို့ ကုသမှုခံယူနေတဲ့ ရဲဘော်တွေကို သွားရောက် ခေါ်ယူချိန် ကြိုဆိုခံခဲ့ရတာဖြစ်ပြီး တိုက်ပွဲပြီးတာ ရက်ပိုင်းကြာမှ ပြည်သူတွေ ကြိုဆိုတဲ့ပွဲမျိုးဟာ ခုမှ ပထမဆုံး ကြုံရတာဖြစ်တယ်လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

ကြိုဆိုပွဲမှာကျောင်းသူ ကျောင်းသားတွေက အကတွေနဲ့ ဖျော်ဖြေကာ ပန်းကုန်းစွပ်ကြိုဆိုပွဲလုပ်ပေးခဲ့ကြပြီး ထောက်ပံ့နေချိန်မှာတင် တခြားကျေးရွာတွေကပါ ထောက်ပံ့ချင်သူတွေရောက်လာကြလို့  ရဲဘော်တွေအနေနဲ့ ၂ ကြိမ်ပြန်ပြီး လက်ခံခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီ ကြိုဆိုပွဲကနေ ပြည်သူထောက်ပံ့ငွေ သိန်း ၆၀ကျော် လက်ခံရရှိခဲ့ပြီး ကျည်ဝယ်တဲ့နေရာမှာ ပြန်အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြောင်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၃ရက်၊ ၂၄ရက် ၂ ရက်ဆက်တိုက် CDSOM စခန်းကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရဲဘော် ၄ ဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10