သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ဆေးရုံကြီးအနီးမှာ တိုက်ပွဲဖြစ်ပွားချိန် စစ်တပ်ပစ်တဲ့လက်နက်ကြီး PDF တွေရှိတဲ့နေရာကျလို့ ၁ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာ၄ ရက် မနက် ၈ နာရီ ၃၀ မိနစ်ခန့်က ခင်ဦးမြို့ဆေးရုံကြီးအနီးမှာ ကား ၁ စီးနဲ့လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာက အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီးက တိုက်ခိုက်နေတဲ့ PDF တွေနေရာကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
" တပ်ချထားတဲ့အဖွဲ့ ဆေးရုံကနေထွက်လာလို့ ပစ်ခတ်မှုဖြစ်တာ နာရီဝက်လောက်ကြာတယ်။ ပစ်ခတ်မှုဖြစ်နေချိန် စကစဘက်ကပစ်တဲ့ ၆၀ မမက ရဲဘော်တွေစုရပ်နေရာကိုလာကျပြီး ထိကုန်တာ။"လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
လက်နက်ကြီးဗုံးသီး ထိမှန်တာကြောင့် ခင်ဦးမြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင် အသက် ၂၀ ကျော်အရွယ် ကိုနွေဦး နေရာမှာသေဆုံးခဲ့ရပြီး နောက်ထပ် ၃ ဦးနဲ့ ခင်ဦးပကဖအဖွဲ့ဝင် ၂ ဦးဒဏ်ရာရခဲ့ကာ စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာရသူ ၃ ဦးရှိခဲ့ကြောင်း ပြန်လည်စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးထိလို့ ကျဆုံး၊ ဒဏ်ရာရတဲ့ ရဲဘော်တွေကိုတော့ ရအောင်ပြန်လည်သယ်ထုတ်ခဲ့ရပြီး အဆိုပါညနေ ၃ နာရီမှာပင် နာရေးပြုလုပ်မီးရှို့သင်္ဂြိုဟ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော် ၅ ဦးကိုတော့ လုံခြုံစိတ်ချရတဲ့နေရာမှာ ဆေးကုသပေးနေပြီး အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း ခင်ဦးမြို့နယ်၊ မကျီးတုံပျုစောထီးရွာကို လမ်းမှားဝင်သွားတဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁ ခုက PDF ၂ ဦးဖမ်းဆီးသတ်ဖြတ်ခံရလို့ သေဆုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - ကျဆုံးရဲဘော် ကိုနွေဦး ကို မီးသင်္ဂြိုဟ်ခဲ့စဥ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #ခင်ဦး #စစ်တပ် #လက်နက်ကြီးပစ် #PDF #ကျဆုံး
Share Share Share