တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ (ရုပ်သံဆောင်းပါး)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာကျင်းပတဲ့ ၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲမှာ မြန်မာ့အလှမယ်က 2nd Runner ဆုကိုသာရခဲ့တာကြောင့် နတ်ဝင်ပူးသလို မျက်ဖြူဆိုက်၊ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး ပွဲဆူခဲ့တဲ့အဖြစ်ကို မကြည့်အချင်အဆုံး တနေကုန် မြင်ရလေတော့ ငါးတန်းကျောင်းသားဘဝ အဖြစ်တခုကို သွားသတိရတယ်။ 

ငါးတန်းကျောင်းသားဘဝတုန်းက အစမ်းစာမေးပွဲအမှတ်စာရင်းထွက်တော့ အခန်းထဲမှာ အမှတ်အများဆုံး အဆင့် ၁၊ ၂၊ ၃ ကို အတန်းပိုင်ဆရာမက ကြေညာပေးတယ်။ ဆုလည်း ချီးမြှင့်တယ်။ အဆင့် ၃ ရတာက ကောင်လေးတယောက်။ အဆင့် ၂ ကို စာရေးသူက ရတယ်။ အဆင့် ၁ က မိန်းကလေးတယောက်။ 

အမှတ်စာရင်း ကြေညာပြီးတော့ ဆရာမက ဆုချီးမြှင့်တယ်။ ဆုက တန်းဖိုးမများလှပါဘူး။ စာရေးသူက ဆုယူပြီး ပြန်လာတဲ့အခါ တခုံတည်းထိုင်တဲ့ သူငယ်ချင်းက “အဲဒီကောင်မသာ မရရင် မင်းက အဆင့် ၁ ဖြစ်မှာ သူငယ်ချင်းရာ” လို့ မချိတင်ကဲ မှတ်ချက်ပြုတယ်။

ကျနော်ကလည်း ဘာပြန်ပြောရမှန်း မသိတာနဲ့ “အေးကွာ ကျောင်းပြန်တဲ့အခါ လမ်းမှာ သူ့ကို ရိုက်လိုက်ရင်တော့ ငါ အဆင့် ၁ ဖြစ်ပြီပေါ့” လို့ ပြန်စလိုက်တယ်။ သူငယ်ချင်းတွေကလည်း “ ဟုတ်တယ်ကွာ ချမယ်” ဆိုပြီး ရယ်မောရင်း စနောက်ကြတယ်။ 

အဲဒီလို စနောက်ကြပေမယ့် စာရေးသူ တွေးမိတာ တခုက “ ဘာကြောင့် ငါ ဒီလို တွေးမိပါလိမ့်၊ ဒီလို ပြောမိပါလိမ့်” လို့။ ဒီအတွေးဟာ မတွေးသင့်၊ မပြောသင့်တဲ့အတွေးတခုပဲလို့ တွေးမိပြီး ရှက်တဲ့စိတ်ခံစားရတယ်။ 

Miss Grand International ပြိုင်ပွဲမှာ အလှမယ် သဲစုငြိမ်း အခု ဖြစ်တဲ့သဘောကို စာရေးသူ ကိုယ်ချင်းစာမိ တယ်။ သူ့ကို နားလည်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူတို့သင်ကြားခဲ့ရတဲ့ပညာရေး၊ ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်မှာ အပြိုင်အဆိုင် ငါသာအနိုင်ရမယ်ဆိုတဲ့ အတွေး၊ ငါသည်သာ လူတကာထက် သာလွန်တယ် ဆိုတဲ့အတွေး၊ အတ္တကိုသာ ဗဟိုပြုစဉ်းစားတဲ့အတွေးကိုသာ ကြိုးစားမွေးမြူကြတယ်။

တည်းဖြတ် - HP

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10