တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မကွေးခရိုင် အမှတ်(၂) တပ်ရင်းရဲ့ အပတ်စဥ်(၁) သင်တန်းဆင်း

တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မကွေးခရိုင် အမှတ်(၂) တပ်ရင်းရဲ့ အပတ်စဥ်(၁) သင်တန်းဆင်း

မကွေး၊ ဇွန် ၂၂၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးခရိုင် အမှတ်(၂) တပ်ရင်းရဲ့ အပတ်စဥ် (၁) သင်တန်းဆင်းပွဲ လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးလေ့ကျင့်ပြင်ဆင်မှု ဓာတ်ပုံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတပ်ရင်းကို ရခိုင်၊ ကချင်၊ ချင်း၊ ဗမာ၊ ကရင်စတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အပတ်စဥ် (၁) သင်တန်းမှာ ရဲဘော် ၃၀ ခန့်ကို ၃ လကြာလေ့ကျင့်သင်ကြား ပေးခဲ့တာဖြစ်တယ်လို့ မကွေးခရိုင် အမှတ်(၂) တပ်ရင်းမှူး ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။


"ကျနော်တို့တပ်ရင်းမှာက တိုင်းရင်းသားတွေပါ အတူစုဖွဲ့ထားကြောင်း ပြသတာပါ။အခု MOD ကထုတ်ပြန်ကြေညာထားတာကတော့ ကျနော်တို့ မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်းအနေနဲ့ အပတ်စဥ်သင်တန်းဖြစ်ပါတယ်။ အခုမကြာမီ အချိန်အတွင်းမှာ အပတ်စဉ် ၂ သင်တန်းပေးဖို့လည်း လုပ်ဆောင်သွားဖို့ရှိပါတယ်ဗျ"
လို့ ဗိုလ်စံသျှား ကဆိုပါတယ်။

၃ လတာသင်တန်းကာလမှာ သင်တန်းသား ရဲဘော်တွေကို အ​ခြေခံ စစ်ရေးလေ့ကျင့်ရေးအပြင် မိုင်းနဲ့ဆက်စပ်သင်တန်းတွေ၊ စစ်ရေးနည်းဗျူဟာသင်တန်းတွေ၊ လက်နက်ကြီး၊လက်နက်ငယ်သင်တန်းတွေကိုပါ လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။


အပတ်စဥ် (၁) သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ စတင်ခဲ့တာ ဖြစ်ပြီးတော့ မေလ ၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားနဲ့ အတူသင်တန်းဆင်းပွဲကျင်းပခဲ့တာ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် MOD က ထုတ်ပြန်တာဟာ အချိန်ကြာမြင့်ခဲ့တာဖြစ်တယ်လို့  ဗိုလ်စံသျှားကပြောပါတယ်။


စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #NUG #MOD #စစ်သင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10