သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာကို ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးဗုံးသီးတွေ ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၄ ဦးဒဏ်ရာရခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မနက် ၈ နာရီခန့်ကစပြီး ကမ်းနီအုပ်စု၊ သက်ကယ်ကျင်းကျေးရွာအနီးမှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ရာက ကွမ်းသီးပင်ရွာနဲ့ အနီးတဝိုက်ကရွာတွေမှာ ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။
" ကွမ်းသီးပင်က ပေါက်ကွဲသံက မြို့ထဲထိကြားရတယ်။ ၅ မိုင်လောက်ကနေတာကြားရတယ် မနက်အစောပိုင်းကတည်းက ပစ်ခတ်သံ၊ လက်နက်ကြီးသံကြားရတော့ မိသားစုက တိမ်းဖို့ရှောင်ဖို့ ပြင်နေကြရတာ။ ကွမ်းသီးပင်မှာထိတဲ့သူတွေလည်းရှိလာတော့ အကုန်ပြေးကုန်တာ"လို့ ကျွန်းတောကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုတွေအတွင်း ကွမ်းသီးပင်ကျေးရွာက ဦးနေဝင်းနေအိမ်နဲ့အနီးအနားနေအိမ်တွေကြား ဗုံးသီး ၃ လုံးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၆၀ ကျော်အရွယ် ဦးနေဝင်း၊ အသက် ၁၅ ကနေ ၃၀ ကြား အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးထိခိုက်လို့ ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက တောင်ငူဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး တိုက်ပွဲရှောင်တွေဘေးလွတ်ရာရွှေ့ပြောင်းနိုင်ဖို့ စောင့်ဆိုင်းကူညီပေးနေကြတယ်လို့ သိရပါတယ်။
အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သက်ကယ်ကျင်းကျေရွာအပါအဝင် အနီးအနားရွာတွေဖြစ်တဲ့ ကွမ်းသီးပင်၊ ကျွန်းတော၊ ညောင်နှစ်ကမ်း၊ ကမ်းနီး၊ လက်ပံတံခါး စတဲ့ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရကာ စစ်ရှောင်ဒေသခံတွေဟာ တောင်ငူမြို့ပေါ်နဲ့ ဘေးလွတ်ရာကျေးရွာတွေနဲ့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအခြေအနေတွေကို အသေးစိတ်မသိရှိရသလို ဘယ်အဖွဲ့အစည်းတွေအကြား ပစ်ခတ်မှုတွေဖြစ်နေတယ်ဆိုတာလည်း မသိရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #တောင်ငူ #လက်နက်ကြီး #ဒဏ်ရာရ #ထွက်ပြေး
Share Share Share