သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့၊ ထီးလှိုင် ၁ ရပ်ကွက်က ပျူစောထီးခေါင်းဆောင်အမျိုးသား ၁ ဦးကိုပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ တောင်ငူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ထီးလှိုင်ရပ်ကွက်နေ အသက် ၄၀ အရွယ် ဝတုတ် (ခ) အောင်ကိုဆိုသူကို ဖေဖော်ဝါရီ ၁၀ ရက်မနက် ၁၀ နာရီခွဲမှာပစ်ခတ်ခဲ့ရာ ဦးခေါင်းကိုကျည်ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသခံတဦးကတော့ “ပစ်ခတ်ခံရတာတော့ကြားတယ်၊ အဖွဲ့အစည်းတခုက သူ့ကို နိုင်ငံရေးရပ်တည်ချက်တခုကြောင့် သတ်သွားတယ်လို့ ပြောတယ်၊ ကြားတာပေါ့။ ဘာအလုပ်လုပ်လို့လဲတော့မသိဘူး။ ရာအိမ်မှူးအုပ်ချုပ်ရေးမှူးတို့ လုပ်တာတော့မဟုတ်ဘူး။ ပြောရရင်တော့ ဒလန်ပေါ့။” လို့ ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက် နာရီဝက်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလောင်းကိုလာရောက်စစ်ဆေးပြီး တောင်ငူဆေးရုံကို ပို့လိုက်တယ်လို့ သိရကြောင်း အထက်ပါဒေသခံကပြောပါတယ်။
ဝတုတ် (ခ) အောင်ကိုဟာ ထီးလှိုင်ရပ်ကွက်ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ပျူစောထီးသင်တန်းဆင်းတွေကို စီမံခန့်ခွဲပြီး လက်နက်ရောင်းတာ၊ မြို့ပေါ်နဲ့ ကျေးရွာတွေဘက်မှာ လူငယ်တွေကို စစ်မှုထမ်းအတွက်ဖမ်းဆီးတာ၊ ပိုက်ဆံတောင်းတာတွေလုပ်တဲ့အတွက် တောင်ငူမြို့ဒေသဆိုင်ရာ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ကပစ်ခတ်ခဲ့တာလို့ တောင်ငူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၆ ရက်ကလည်း တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာနဲ့ ကရင်နီကုန်း ကျေးရွာချင်းဆက်လမ်းပေါ်မှာ ကရင်နီကုန်းကျေးရွာရာအိမ်မှူး ဦးမျိုးမင်း၊ ကျောက်တိုင်ကျေးရွာအုပ်စု ကြံ့ခိုင်ရေးပါတီဝင် ဦးစိုးနိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မာထွေးတို့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#တောင်ငူ #ပျူစောထီးခေါင်းဆောင် #ပစ်ခတ်ခံရ
Share Share Share