တောင်ငူ ခလရ ၃၉ တပ်ကို စစ်ကောင်စီက လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ကာကွယ်နေ

တောင်ငူ ခလရ ၃၉ တပ်ကို စစ်ကောင်စီက လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ကာကွယ်နေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ခလရ ၃၉ တိုက်ခိုက်ခံနေရာတာကြောင့် စစ်တပ်က လေကြာင်းသုံးပြီး အကြိမ်ရေ ၅၀ ထက်မနည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်ည ၇ နာရီခန့်ကစပြီး တောင်ငူမြို့နဲ့ ၄ မိုင်အကွာသာရှိတဲ့ ခလရ ၃၉ တပ်ရင်းကို KNLA ပူးပေါင်းတပ်တွေက လာရောက်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက် ၄ နာရီခန့်မှာလည်း ထပ်မံလာရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနက် ၈ နာရီခန့်မှာတော့ စစ်တပ်ဘက်က Mi 35 ၂ စီးသုံးပြီး အကြိမ်ရေများစွာ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"ရဟတ်ယာဥ် ၂ စီးက လာပစ်လိုက် ပြန်လိုက်။ လာပြန်ပစ်လိုက် အခေါက်ရေ ၅၀ လောက်ရှိမယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်လေယာဥ်က ခလရ ၃၉ တပ်ရင်း အနီးတဝိုက်ကျေးရွာတွေဖြစ်တဲ့ ရွာတန်းရှည်၊ စပါးလင်ကုန်း၊ ရေစစ်ကုန်း၊ ကယားပြုံးကျေးရွာအပြင် သောက်ရေခပ်ဆည်အနီး တဝိုက်ကို ၃ နာရီကျော်ကြာပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က လေယာဥ်နဲ့ပစ်ခတ်မှုမှာ KNLA၊ PDF တွေဘက်က ထိခိုက်မှုနဲ့ ဒေသခံတွေ ထိခိုက်မှုအခြေနေကို မသိရသေးပါဘူး။

တိုက်ပွဲဖြစ်ပွားနေချိန် တောင်ငူ-သံတောင်လမ်း စစ်တောင်းတံတားထိပ်ကို စစ်တပ်ဘက်က တင့်ကားတွေသုံးပြီး လမ်းပိတ်ထားသလို တောင်ငူမြို့တွင်း၊ မြို့ပြင်နေရာတွေမှာ အင်အားအများအပြား နေရာချထားတယ်လို့ သိရပါတယ်။

ခလရ ၃၉ တပ် ၂ ကြိမ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ဘယ်လောက်ထိ သေဆုံးဒဏ်ရာရသူတွေရှိတယ်ဆိုတာ မသိရသေးဘဲ ဒေသကာကွယ်တွေဘက်ကလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။

တိုက်ပွဲနဲ့ စစ်တပ်ဘက်က လေကြောင်းသုံးပစ်ခတ်နေလို့ ၄ မိုင်၊ ၅ မိုင်၊ ရွာတန်းရှည်၊ စပါးလင်ကုန်း၊ ရေစစ်ကုန်း၊ ကယားပြုံးကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ထောင်ချီဟာ တောင်ငူမြို့အပါအဝင် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေရပါတယ်။

ပုံစာ - စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေပုံနှင့် စစ်ဘေးရှောင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့ #ခလရ၃၉ #စစ်တပ် #လေကြာင်း #KNLA #တိုက်ပွဲ #တောင်ငူတိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10