သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ၁,၀၀၀ ခန့်အတွက် စောင်၊ ခြင်ထောင်နဲ့ စားစရာတွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။
နိုဝင်ဘာ ၈ ရက်က ဖြစ်ပွားတဲ့တိုက်ပွဲတွေအကြား ရုတ်တရက်ထွက်ပြေးလာရပြီး ရာသီဥတုကလည်းအေးနေတာကြောင့် အရေးပေါ်လိုအပ်နေတာလို့ ဆိုပါတယ်။
" ခုက ရာသီဥတုကလည်းအေးနေပြီဆိုတော့ အဓိကလိုတာကတော့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အနွေးထည်တို့၊ ဆေးတို့၊ စားရေးသောက်ရေးလိုတယ်။ နောက်ပြီးတော့ ကျန်းမာရေး၊ နေမကောင်းတဲ့သူတွေပါတော့ ဆေးရုံဆေးခန်းပြရတာတွေလည်း ရှိတယ်။"လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတဦးက ပြောပါတယ်။
စစ်ရှောင်တွေအတွက် အလှူရှင်အချို့ရဲ့လှူဒါန်းမှူနဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနဲ့ အစားအသောက်တွေ ရရှိနေပေမယ့် စစ်ရှောင်လူဦးရေများတာကြောင့် လုံလောက်မှုမရှိသေးဘူးလို့ ၎င်းက ဆိုပါတယ်။
စောင်၊ ခြင်ထောင်နဲ့ အနွေးထည်၊ အစားအသောက် အလုံအလောက်မရရင် စစ်ရှောင်ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အအေးဒဏ်ကိုပိုခံရနိုင်ပြီး စားသောက်ရေးအတွက်လည်း ခက်ခဲလာနိုင်တယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာ ၈ ရက်မနက်ပိုင်းမှာ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ သက်ကယ်ကျင်းရွာအနီးတိုက်ပွဲတွေနဲ့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေကြောင့် သက်ကယ်ကျင်းအပါအဝင် အနီးအနားရွာတွေဖြစ်တဲ့ ကွမ်းသီးပင်၊ ကျွန်းတော၊ ညောင်နှစ်ကမ်း၊ ကမ်းနီ၊ လက်ပံတံခါး စတဲ့ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဲ့ဒီထဲက ၁,၀၀၀ ဝန်းကျင်ဟာ တောင်ငူမြို့ ဘုန်းကြီးကျောင်း၊ ဘုရားစေတီဝန်းတွေအတွင်းမှာ ခိုလှုံနေထိုင်နေကြရတာပါ ။
အဆိုပါ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေအတွင်း ကွမ်းသီးပင်ကျေးရွာအတွင်း ဗုံးသီးတွေ ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၄ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#တောင်ငူ #စစ်ဘေးရှောင် #အနွေးထည် #စောင် #ခြင်ထောင်
Share Share Share