တောင်ငူတက္ကသိုလ်ဝန်းထဲက ဝန်ထမ်းလိုင်းခန်း မီးလောင်လို့ စစ်ကောင်စီဝန်ထမ်း ၃၀ နီးပါး မီးဘေးသင့်

တောင်ငူတက္ကသိုလ်ဝန်းထဲက ဝန်ထမ်းလိုင်းခန်း မီးလောင်လို့ စစ်ကောင်စီဝန်ထမ်း ၃၀ နီးပါး မီးဘေးသင့်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီး တောင်ငူတက္ကသိုလ်ဝန်းအတွင်းရှိ စစ်ကောင်စီလက်အောက် ဝန်ထမ်းလိုင်းခန်းမှာ ဧပြီလ ၁ ရက် မနေ့မနက် ၁၀ နာရီခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တောင်ငူတက္ကသိုလ်ဝန်း ဝန်ထမ်းလိုင်းခန်းတခုမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းရာကတဆင့် လိုင်းခန်းတွေကို မီးကူးစက်လောင်ကျွမ်းသွားတာလို့ ဆိုပါတယ်။

"ဝန်ထမ်းတွေနေတဲ့လိုင်းခန်းက သစ်သားလိုင်းခန်း။ ယာယီနေထိုင်ခွင့်ပေးထားတဲ့နေရာပေါ့။ မီးလောင်လို့ နာရီဝက်တောင်မကြာဘူး အကုန်လောင်သွားတာ။ မီး လောင်တာကို ကူညီရေးအဖွဲ့တွေဘက်က သိရတာလည်း နောက်ကျတယ်"လို့ တောင်ငူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 မီးလောင်လို့ ၈ ခန်းတွဲ သစ်သားလိုင်းခန်း အကုန်မီးလောင်ပျက်စီးသွားသလို ဝန်ထမ်းတွေအသုံးပြုနေတဲ့ အိမ်တွင်းပစ္စည်းတွေနဲ့ စက်ဘီး၊ ဆိုင်ကယ် ၅ စီးခန့်မီးလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။

မီးလောင်ရာနေရာကို ဒေသခံပရဟိတအဖွဲ့တွေနဲ့မီးသတ်ကဝိုင်းဝန်းငြိမ်းသတ်ခဲ့ပေမယ့် မီးမထိန်းနိုင်ဘဲ လိုင်းခန်းတခုလုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

လတ်တလောမှာ မီးဘေးသင့်စစ်ကောင်စီဝန်ထမ်း ၃၀ ခန့်ဟာ တောင်သူတက္ကသိုလ်အတွင်းက အခြားဝန်ထမ်းလိုင်းခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

#မြေလတ်အသံ

#မီးလောင် #တောင်သူတက္ကသိုလ် #တောင်ငူသတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10