တောင်ငူမြို့နယ်က ပြည်သူတွေတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်သွားမလဲ

တောင်ငူဟာ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပြည်ခရိုင်တို့နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်းထဲက ခရိုင်မြို့လေးဖြစ်ပြီး၊ စစ်တောင်မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ ရှိတဲ့မြို့လေးလည်းဖြစ်ပါတယ်။

တောင်ငူမြို့နယ်အတွင်းမှာ တောင်ငူမြို့နဲ့ ကေတုမတီမြို့ဆိုပြီး မြို့ ၂ မြို့ရှိပြီး၊ ရပ်ကွက် ၂၇ ခုနဲ့ ကျေးရွာအုပ်စု ၃၇ စုအတွင်းမှာ လူဦးရေ ၂ သိန်း ၄ သောင်း ၅ ထောင်ကျော်မှီတင်းနေထိုင်ကြပြီး၊ ဗမာတိုင်းရင်းသားအများစုနေထိုင်ကာ၊ ကရင်တိုင်းရင်းသား ဒုတိယအများဆုံးနဲ့ ရှမ်းတိုင်းရင်းသား တတိယအများဆုံးနဲ့ နေထိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များ ဝက်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။

လာမယ့် နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ တောင်ငူမြို့နယ်အတွင်းက ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီကြီး ၈ ခုဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မဲပေးနိုင်သူဦးရေ ၁ သိန်း ၅ သောင်း ၄ ထောင်ကျော် ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10