တောင်ငူမြို့နယ်မှာ ကြံခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ၁ ဦးပစ်သတ်ခံရ

တောင်ငူမြို့နယ်မှာ ကြံခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ၁ ဦးပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျေးအင်းထုံးဖိုကျေးရွာက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ၁ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီခွဲခန့်မှာ ရပ်ကျေးစည်းရုံးရေးမှူး ဦးခင်မောင်ဦး ၄၇ နှစ်ဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

"သူက ဟိုနေရာဒီနေရာပါတတ်သလို အုပ်ချုပ်ရေးအဖွဲ့၊ စကစ ​အဖွဲ့တွေနဲ့လည်း ပေါင်းသင်းသွားလာတတ်တာရှိတယ်။ ဘာကြောင့်အသတ်ခံရလည်းဆိုတာတော့ သေချာမသိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ ဦးခင်မောင်ဦး ဟာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ၁ နာရီကျော်အကြာမှ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပြီး အလောင်းကို တောင်ငူဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း တောင်ငူမြို့နယ်၊ ဇီးကုန်းကျေးရွာနဲ့ ကမ္ဘာနီကျေးရွာကြားမှာ ဇီးကုန်းကျေးရွာ ကြံခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌ ၁ ဦးပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #တောင်ငူ #ကြံ့ခိုင်ရေး #ပစ်ခတ်မှုဖြစ် #သေဆုံးမှု #ရပ်ကျေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10