တောင်ငူမှာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌ ၁ ဦး ပစ်သတ်ခံရ

တောင်ငူမှာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌ ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဇီးကုန်းကျေးရွာနဲ့ ကမ္ဘာနီကျေးရွာကြားမှာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌ ၁ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၆ ရက် မနေ့မနက် ၆ နာရီကျော်လောက်မှာ ဇီးကုန်းကျေးရွာနေ ဇီးကုန်းကျေးရွာအုပ်စု ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသိန်းထွန်း ၄၀ နှစ်ခန့်ဟာ နေအိမ်ကနေ ကမ္ဘာနီးကျေးရွာဘက်ကို ဆိုင်ကယ်နဲ့လာချိန် လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ သိရသလောက်က သူက ကြံခိုင်ရေး ရပ်ကျေးဥက္ကဌ။ ကြံ့ဖွတ်ဆိုတော့ စကစနဲ့ ပတ်သက်မှုတော့ရှိတယ်။ ဘယ်လောက်ထိ ပတ်သက်ဆက်နွယ်လဲ ဆိုတာတော့ သေချာမသိရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ ဦးသိန်းထွန်းဟာ ရင်ဘတ်၊ လည်ပင်းနဲ့ လက်တွေမှာ ကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဦးသိန်းထွန်းပစ်သတ်ခံရပြီးနောက် စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးမှုလုပ်ခဲ့ပြီး အလောင်းကို တောင်ငူဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ကြေငြာတာမျိုး မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကလည်း တောင်ငူမြို့နယ်၊ သဲတာရွာ၊ လယ်တောထဲမှာ မွန်ကုန်းရွာနေ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ သားဖြစ်သူတို့ ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ကြံ့ခိုင်ရေး #ရှင်းလင်းခံရ #သတင်း #ရပ်ကျေးဥက္ကဌ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10