တောင်ငူမှာ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေပစ်ခတ်လို့ ဒေသခံ ၁ ဦးဒဏ်ရာရ

တောင်ငူမှာ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေပစ်ခတ်လို့ ဒေသခံ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာကို စစ်ကောင်စီက နိုဝင်ဘာလ ၂၀ရက် နေ့လယ် ၃ နာရီကျော်မှာ ရဟတ်ယာဥ် ၂ စီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ တောင်ငူလေတပ်ကနေ ရဟတ်ဟာဥ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ချိန် နေအိမ်အောက်မှာ ရှိနေတဲ့ နဂါးမောက်ကျေးရွာသား ဦးမင်းမင်းစိုး ၄၀ နှစ်ကို ထိမှန်ခဲ့တာဖြစ်ပြီး အခြားထိခိုက်ပျက်စီးမှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

"မင်းမင်းစိုးမှာ လက်မောင်းနဲ့ခြေထောက်ထိတာ။ အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး။ လေယာဥ်ကပစ်လို့ အိမ်တိုင်တွေတောင် ဖွာထွက်သွားတယ်"လို့ တောင်ငူဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ တောင်ငူမြို့နဲ့ ၄ မိုင်အကွာက ခလရ ၃၉ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို လေကြောင်းကနေ အကြိမ် ၅၀ ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။  

ခုလို စစ်ကောင်စီက လေကြောင်းနေ တိုက်ခိုက်တဲ့အတွက် နဂါးမောက်၊ ထုံးဖို၊ ကျောက်ပထိုး၊ ကျောက်ပါစပ်၊ မန်ကျည်ကုန်း၊ ၄ မိုင်၊ ၅ မိုင်၊ ရွာတန်းရှည်၊ စပါးလင်ကုန်း၊ ရေစစ်ကုန်း၊ ကယားပြုံး စတဲ့ကျေးရွာတွေက ဒေသခံ ထောင်ချီဟာ တောင်ငူမြို့ပေါ်အပါအဝင် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာလည်း စစ်ကောင်စီဘက်က ရဟတ်ယာဥ် ၂ စီးနဲ့ သပြေလှကျေးရွာက ပုဂ္ဂလိကပိုင် လမ်းခင်းကျောက်ထုတ်လုပ်ရေးကွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီနေရာမှာ နေထိုင်ကြတဲ့ ဒေါ်သန်းတင်နဲ့ ကိုယ်ဝန်ဆောင် မရှမ်းမတို့ သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #တောင်ငူ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10