သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြပင်ကူကျေးရွာမှာ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦးသေဆုံးထားတယ်လို့ မြေပြင်နဲ့နီးစပ်တဲ့ကာကွယ်ရေးရဲဘော်တဦးဆီက သိရပါတယ်။
မေ ၂၂ ရက် ညနေပိုင်းနဲ့ မေ ၂၃ ရက်မနက်ပိုင်းတွေမှာ မြပင်ကူးကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၈၀ ကျော်ကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
"ဟိုတနေ့က ဝက်ခေါက်စိန်စခန်းသိမ်းခံရတာကို မကျေနပ်လို့ စစ်ကူလာပြီး မြပင်ကူမှာတပ်စွဲထားတဲ့ စကစတွေကို စနိုက်ပါ၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့သွားပစ်ခဲ့ကြတာ။ စကစဘက်ကတော့ ထိခိုက်သေဆုံးရှိတယ်"လို့ ဒေသခံကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။
ဒီနေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီဘက်က အင်အား ၄၀ ကျော် ထပ်မံစစ်ကူရောက်လာလို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ယာယီတပ်ပြန်ဆုတ်ထားရပြီး အခြေနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေနေထိ စစ်ကောင်စီဘက်က တပ်ပြန်မဆုတ်သေးတဲ့အတွက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲထပ်ဖြစ်လာတဲ့ အခြေအနေရှိတယ်လို့ အထက်ပါရဲဘော်ကသုံးသပ်ပါတယ်။
မေ ၁၉ ရက်က တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာ စာသင်ကျောင်းမှာ အင်အား ၄၀ ကျော်နဲ့ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေးခဲ့တာကြောင့် တော်လှန်ရေးပူးပေါင်း တပ်တွေဘက်က စခန်းသိမ်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ ၆၀ မမဗုံးသီး ၁၀ လုံး၊ ကျည်ဆန်အချို့နဲ့ ကျည်ဘောက်၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #တောင်ငူ #တိုက်ပွဲ #စစ်တပ် #ကာကွယ်ရေးတပ်ဖွဲ့
Share Share Share