တောင်ငူမှာ စစ်ကောင်စီတပ် ၁ ရက်တည်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး အလောင်း ၈ လောင်းနဲ့ သေနတ် ၈ လက်ရ

တောင်ငူမှာ စစ်ကောင်စီတပ် ၁ ရက်တည်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး အလောင်း ၈ လောင်းနဲ့ သေနတ် ၈ လက်ရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ဇူလိုင် ၂၁ ရက်မှာ ၂ ကြိမ် တိုက်ခိုက်ခံရတာကြောင့် အလောင်း ၈ လောင်းနဲ့ သေနတ် ၈ လက်သိမ်းဆည်း ရမိခဲ့တယ်လို့ တောင်ငူခရိုင်တပ်မဟာ(၂)ကွန်မန်ဒိုတပ်ခွဲက ပြောပါတယ်။

ဇူလိုင် ၂၁ ရက် မနက် ၅ နာရီကျော်မှာ ခြောက်မိုင်နဲ့ ရွာတန်းရှည်ကျေးရွာလမ်းခွဲမှာ ကင်းပုန်းလာဝပ်ကြတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်နဲ့ တကြိမ်၊ ည ၇ နာရီမှာ ထိုးဝါးချောင်းကျေးရွာအနီး ကားလမ်းမပေါ်သွားလာနေတဲ့ စစ်ကား ၂ စီးနဲ့ တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

"ခြောက်မိုင် ရွာတန်းရှည်လမ်းခွဲမှာက ကင်းပုန်းလာတဲ့ စကစတွေနဲ့ ထိပ်တိုက်တိုးပြီး အပြန်အလှန်ပစ်ခတ်ကြတာ။ ထိုးဝါးချောင်းမှာတော့ ကား ၂ စီးကို ချောင်းမြောင်းပစ်ခတ်ခဲ့တာ" လို့ တောင်ငူခရိုင်တပ်မဟာ(၂)ကွန်မန်ဒိုတပ်ခွဲမှတာဝန်ရှိသူက ပြောပါတယ်။

ပထမတကြိမ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သလို ဒုတိယအကြိမ်တိုက်ခိုက်မှုမှာ ကား ၁ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၈ လောင်းနဲ့အတူ သေနတ် ၈ လက်ပါရရှိခဲ့တာလို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

"မီးလောင်ပျက်စီးခဲ့တဲ့ကားက လမ်းပေါ်မှာ ဒီတိုင်းကျန်ခဲ့တယ်။ နောက်တစီးက တောင်ငူဘက်ကို မောင်းပြေးသွားတယ်" လို့ သူက ဆက်ပြောပါတယ်။

ပထမအကြိမ်တိုက်ခိုက်မှုကို တောင်ငူ ခရိုင်တပ်မဟာ(၂)ကွန်မန်ဒိုတပ်ခွဲမှ စစ်ကြောင်းမှူး ရာဂျူးက ဦးဆောင်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်တိုက်ခိုက်မှုကိုတော့ စစ်ကြောင်းမှူး စောမူးကပေါ် တို့က အသီးသီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ-တောင်ငူခရိုင်တပ်မဟာ(၂)ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော်တဦး။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့ #စစ်ကောင်စီ #အလောင်း #သေနတ် #ခြုံခိုတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10