တောင်ငူမှာ စစ်တပ်နဲ့ပေါင်းပြီး သစ်ခိုးထုတ်နေတဲ့ အမျိုးသား ၃ ဦး သေနတ်ပစ်ခံရလို့ ၂ ဦးသေ

တောင်ငူမှာ စစ်တပ်နဲ့ပေါင်းပြီး သစ်ခိုးထုတ်နေတဲ့ အမျိုးသား ၃ ဦး သေနတ်ပစ်ခံရလို့ ၂ ဦးသေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး သစ်တွေခိုးထုတ်နေတဲ့ အမျိုးသား ၃ ဦး စက်တင်ဘာ ၃၀ ရက် မနက် ၁၀နာရီကျော်မှာ သေနတ်နဲ့အပစ်ခံရတာကြောင့် ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ၂ ဦးမှာ ကွမ်းပင်ကျေးရွာက ရဲလွင်ဦး၊ ဘိုဝင်းတို့ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူမှာ တပြေးကျေးရွာက ခွန်ရွှေကြိုင်ဖြစ်ကာ သူတို့ ၃ ဦးဟာ တောင်ငူမြို့နယ်၊ နံ့သာကုန်းကျေးရွာအနီးက တောင်ငူ-လိပ်သိုသွား ကားလမ်းမှာ ပစ်သတ်ခံရတာလို့ဆိုပါတယ်။

"ဒီ ၃ ယောက်က စစ်တပ်၊ ငြိမ်းချမ်းရေးအဖွဲ့တို့နဲ့ ပေါင်းပြီး သစ်တွေခိုးထုတ်လို့ ပစ်သတ်ခံရတာပါ။ ဘယ်အဖွဲ့က ပစ်သတ်လဲ ဆိုတာမသိရသေးပါဘူး" လို့ တောင်ငူမြို့နယ်က စစ်ဘေးရှောင်အရေးကူညီနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

အဆိုပါ ၃ ဦးမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို သစ်တွေပို့ဆောင်ပြီး သုံးဘီး ၁ စီး၊ ဆိုင်ကယ် ၂ စီးတို့နဲ့ မိမိတို့နေရပ်ကို ပြန်လာချိန် အခုလို ပစ်သတ်ခံရတာဖြစ်တယ်လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

အခုလို ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က တောင်ငူ-လိပ်သိုကားလမ်းမမှာ စစ်ဆေးရေး ဂိတ်အသစ်တွေချပြီး လမ်းသွား၊ လမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်မှာလည်း တောင်ငူ- သံတောင်လမ်းမှာရှိတဲ့ ခလရ ၃၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦးကို နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာကြောင့် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့နယ် #စစ်ကောင်စီတပ် #သစ်တွေခိုးထုတ် #သံတောင်ကြီး #ပစ်သတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10