သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် ၂ ရပ်ကွက်၊ တေဇာခင်ဦး ၁ လမ်းမှာ မုန့်ဂိုထောင်တခုကနေ မီးစတင်လောင်ပြီး ကျပ်သိန်းထောင်ချီဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၆ ရက် မနက် ၁ နာရီ၀န်းကျင်မှာ ပြည်တွင်းပြည်ပထုတ် မုန့်မျိုးစုံလက္ကားပေးတဲ့နေအိမ်မှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ခဲ့တာလို့ဆိုပါတယ်။
" မုန့်တွေထားတဲ့နေရာကနေ မီးကြိုးတွေကနေဖြစ်ပြီး မုန့်တွေကိုကူး။ လောင်စာအားကောင်းသလိုဖြစ်တော့ မီးကကြီးသွားတာ။ ဝါယာရှော့ မီးငြှိမ်းနေတုန်း မီးသတ်ကားက ရေကုန်သွားလို့ ရပ်ကွက်ကလူတွေ တော်တော်လေးဝိုင်းငြှိမ်းလိုက်ရသေးတယ်။ နောက်ဆုံးတော့ ကုန်တာပါပဲ"လို့ ဒေသခံတဦးကပြောပါတယ်။
မီးလောင်လို့ မုန်ဂိုထောင်နဲ့တွဲလျက် နေအိမ်အပါအဝင် နေအိမ် ၂ လုံးမီးလောင်ပျက်စီးသွားပြီး ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိသွားကာ လူထိခိုက်တာမျိုးတော့မရှိဘူးလို့ ဆိုပါတယ်။
မီးလောင်တဲ့နေရာကို ရပ်ကွက်နေပြည်သူတွေ၊ လူမှုကူညီရေးအသင်းတွေ၊ မြို့နယ်မီးသတ်၊ အရန်မီးသတ်အဖွဲ့ဝင်တွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးလောင်ပြီး ၂ နာရီခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဈေးမီးလောင်ပြီး ဆိုင်ခန်းပေါင်း ၄၃၀ ကျော်နဲ့ လူနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #မီးလောင် #နေအိမ်အဆောက်အဦ #ပျက်စီး #သတင်း
Share Share Share