တောင်ငူမှာ အမျိုးသား ၁ ဦး စစ်မှုထမ်းဖို့ မဲပေါက်ပြီးနောက် အဆုံးစီရင် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် ၁၆ ရပ်ကွက်မှာ ဧပြီ ၈ ရက် ညပိုင်းက  အမျိုးသားတဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် ကိုအေးချမ်း (ခ) ကောက်ကောက် ဆိုသူဖြစ်ပြီး အဆိုပါနေ့ မနက်ပိုင်းက ၎င်းနေအိမ်မှာရှိနေချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင်အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဖို့ မဲပေါက်ကြောင်း လာရောက်အကြောင်းကြားပြီးနောက် အခုလိုလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

"သိရတာက စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး လာပြောပြီးကတည်းက စိတ်ညစ်တယ် စစ်မှုမထမ်းချင်ဘူးပြောပြီး ထွက်သွားတယ်တဲ့။ ညပိုင်းအိမ်ပြန်လာတော့မူးနေပြီး ကြိုးဆွဲချသွားတာလို့ သိရတယ်" လို့ တောင်ငူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကြိုဆွဲချသေဆုံးသွားတဲ့ ကိုအေးချမ်း (ခ) ကောက်ကောက်ရဲ့ နာရေးကိုတော့ ဧပြီ ၁၀ ရက်မှာ နီးစပ်ရာသုဿန်မှာ မီးရှို့သင်္ဂြိုဟ်တာတွေလုပ်ခဲ့တယ်လို့ သိရပြီး ၎င်းမှာ အသက် ၅ နှစ်အောက်ကလေး ၂ ဦးကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် တောင်ငူမြို့နယ်အတွင်းမှာ စစ်တပ်လက်အောက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ ရပ်ကွက်၊ ကျေးရွာအလိုက် လူ ၅ ဦးမှ ၁၀ ဦးကြားကို မဲနှိုက်တာ၊ နာမည်စာရင်းနဲ့ခေါ်ယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ၊တည်းဖြတ် - HP

#မြေလတ်အသံ

#တောင်ငူ #စစ်မှုထမ်း #ပြည်သူ့စစ်မှုထမ်းဥပဒေ #အဆုံးစီရင် #ကြိုးဆွဲချ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10