သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ငူလေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ထံက သိရပါတယ်။
ဇန်နဝါရီ ၄ ရက် ဒီကနေ့မနက် အစော ၁ နာရီခန့်မှာ တောင်ငူ(ကေတုမတီ)လေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁၀ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
" ပစ်တာကတော့ စက္ကန့်ပိုင်းအတွင်း အကုန်ပစ်တာ။ ၂ လုံးက ပစ္စည်းချို့ယွင်းမှုဖြစ်တာပါ။ ဒီတကြိမ်နဲ့ဆို လေတပ်စခန်းကို တိုက်ခိုက်တာ ၆ ကြိမ်ရှိပြီ။“ လို့ Mountain Knights Civilian Defense Force (MKCDF)မှသတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လေတပ်စခန်းအတွင်းရှိ တိုက်လေယာဉ်ထားသိုရုံတွေနဲ့ လေကြောင်းထိန်းမျှော်စင်တွေကို ပစ်မှတ်ထားတိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေတွေကို မသိရသေးပါဘူး။
ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရှော့ဒုံးနဲ့ပစ်ခတ်တယ်လို့ ယူဆတဲ့နေရာတွေကို ၁၂၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Anti-Coup Peoples Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့ ၊Mountain Knights Civilian Defense Force (MKCDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပုံစာ - တပခတိုင်းမှူးနဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်မှူးအား ၂၀၂၄ ဧပြီ ၂၂ ရက်က တောင်ငူလေတပ်သင်တန်းဖွင့်ပွဲတခုတွင် တွေ့ရစဉ်။
#မြေလတ်အသံ
#ပဲခူး #တောင်ငူ #လေတပ် #ရှော့တိုက်ဒုံး #ပစ်ခတ်
Share Share Share