တောင်ငူလေတပ်ဌာနချုပ်ကို ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

တောင်ငူလေတပ်ဌာနချုပ်ကို ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က၊ တောင်ငူလေတပ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲကွပ်ကဲရေး တောင်ပိုင်းစစ်ဒသရဲ့ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ JOC ရဲ့ ညွှန်ကြားမှု၊ အမှတ်(၂ ) စစ်ဒေသခွဲ ကွပ်ကဲမှုနဲ့  "Rain of Fire" စစ်ဆင်ရေးအနေနဲ့ ဩဂုတ်လ ၂၆ ညနေ ၃း၃၀ အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

တိုက်ခိုက်ရာမှာ 114 mm ရှော့တိုက်ဒုံး၊ ကာမီကာဇေဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လေတပ်ဌာနချုပ်အတွင်း ထိခိုက်၊ သေဆုံး ပျက်ဆီးမှုတွေရှိခဲ့ကာ ကနဦးသတင်းများအရ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့သိရသလို ထိခိုက်ပျက်စီးမှုများကို အတည်ပြုနေဆဲလို့ သိရပါတယ်။ 

"Rain of Fire"လို့အမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝေါ နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း(၅)) တပ်မဟာ (၂)အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်၂တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10