သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့အရှေ့ဘက်အထွက် စစ်တောင်းတံတားပေါ်ကနေ စစ်တောင်းမြစ်အတွင်းကို ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ၁ ဦး ခုန်ချမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၆ ရက် ညနေ ၄ နာရီကျော်မှာ ကေတုမတီမြို့သစ်မှာနေထိုင်တဲ့ တောင်ငူကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းထက်အောင်ဟာ တံတားပေါ်ကနေ ခုန်ချသွားခဲ့တာလို့ ဆိုပါတယ်။
" ‘အားလုံးပဲ တာ့တာ ပါခင်ဗျာ’ ဆိုပြီး သူ့ Facebook မှာတင်ပြီး ခုန်ချသွားတာ။ သိရသလောက်က မိသားစု ပြသနာလေးတွေရှိတယ်လို့လည်း သိရတယ်။ သူခုန်ချသွားတာကိုတော့ မိသားစုတွေ လာရှာရာကနေ သိကြရတာ"လို့ ဒေသခံတဦးကပြောပါတယ်။
ကိုရှိုင်းထက်အောင် ခုန်ချသွားပြီးနောက် ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေက ရှာဖွေနေခဲ့ပြီး ဇွန် ၂၇ ရက် ဒီမနက်ပိုင်းအထိ မတွေ့သေးဘူးလို့လည်း ဆိုပါတယ်။
ယခုလိုစစ်တောင်းတံတားပေါ်က ခုန်ချတဲ့ဖြစ်စဥ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကလည်း တကြိမ်ဖြစ်ခဲ့ဖူးသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #တောင်ငူ #စစ်တောင်းတံတား #ခုန်ချမှုဖြစ် #ကျောင်းသား
Share Share Share