တောင်သာနယ်က နေအိမ်မီးရှို့ခံရသူတွေကို ရိက္ခာထောက်ပံ့

တောင်သာနယ်က နေအိမ်မီးရှို့ခံရသူတွေကို ရိက္ခာထောက်ပံ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းက နေအိမ်မီးရှို့ခံရတဲ့ ဒေသခံအိမ်ထောင်စုတွေကို ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၂၈ ရက် မနက် ၈ နာရီခွဲက အိမ်ထောင်စု ၂၂ စုကို ၁ အိမ်ထောင်လျှင် ဆန် ၁ အိတ်၊ ဆီ ၁ ပိဿာ ထောက်ပံ့ခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

အခုထောက်ပံ့ခဲ့တဲ့ အိမ်ထောင်စုတွေဟာ တောင်သာမြို့နယ်ကျေးရွာတွေကဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လလောက်မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကိုမီးရှို့ခဲ့တာလို့ဆိုပါတယ်။ ရွာနာမည်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားတာ မရှိပါဘူး။ 

လက်ရှိ နေအိမ်မီးရှို့ခံရတဲ့အိမ်ထောင်စုတွေဟာ နီးစပ်ရာဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောတိုက်တွေမှာနေထိုင်နေကြပြီး သူတို့အတွက်စားနပ်ရိက္ခာနဲ့ နေထိုင်မှုအခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#တောင်သာ #ရိက္ခာထောက်ပံ့ #ဒေသခံ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10