တောင်သာနယ် လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

တောင်သာမြို့နယ်၊ နန်းတော်ကျေးရွာ (ခ) ဂွေးမြောင်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ရာ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တလုံး ပြိုကျခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စက်တင်ဘာလ ၂၃ရက် နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးက ပေါင်၂၅၀ ဗုံးသီးတွေ ကျဲချခဲ့သလို စက်လက်တွေနဲ့လည်း ပစ်ခတ်သွားခဲ့တာကြောင့် လူနေအိမ်တလုံး ထိမှန်ပြီး ပြည်သူနှစ်ဦးလည်း ဒဏ်ရာရကာ မစိုးရိမ်ရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးကျဲခံရတဲ့နေအိမ်ကို  တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ တိုက်လေ ယာဉ်ကနေ ပစ်ချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က တောင်သာမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာ၊ လူနေအိမ်တွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။

အခုရက်ပိုင်းမှာ မန္တလေးတိုင်းအတွင်းက စဥ့်ကူး၊ မတ္တရာ၊ တောင်သာ၊ ငါးဇွန်၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်ဘက်တွေကို စစ်တပ်က နေ့စဥ်လေကြောင်း တိုက်ခိုက်တာတွေပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာတတိယနဲ့နောက်ဆုံးပတ်အတွင်းမှာ ပြည်သူ ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#တောင်သာနယ် #လေကြောင်း #တိုက်ခိုက်မှု #ပြည်သူ၂ဦး #ဒဏ်ရာရ #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10