သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေတပ်စွဲထားတဲ့ ထနောင်းကုန်းရွာ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၉ ရက်မနေ့က တိုက်ခိုက်ခဲ့ကြတယ်လို့ Pakokku Underground Force အဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအင်အား ၅၀ ၀န်းကျင်ရှိတဲ့ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာ ပျူစောထီးစခန်းကို မနက် ၅ နာရီ ၄၉ မိနစ်ကနေ ၁ နာရီခွဲကြာအောင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးပြီး ဘန်ကာအချို့ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
"မျက်မြင် အလောင်း ၂ လောင်းတွေ့ရှိရတယ်၊ အကုန်လုံးတော့ မသိမ်းနိုင်ခဲ့ဘူး။ Mi 35 ၁ စီးက မိနစ် ၃၀ အကြာ ကာပစ်ပေးသွားတာကြောင့်ပါ။ ကျနော်တို့သိရှိရတာကတော့ မုံရွာ နမခ ကနေ တက်လာတာ။ ကျနော်တို့ ဘန်ကာအချို့ကိုတော့ သိမ်းနိုင်ခဲ့တယ်၊ အတွင်းစည်းအထိတော့ သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့တယ်။"လို့ Pakokku Underground Force တပ်ဖွဲ့၀င် ကံကောင်းက ပြောပါတယ်။
ပျူစောထီးစခန်းတိုက်ခိုက်ပြီးနောက် စစ်တပ်ထုတ် ကာဘိုင် ၂ လက်၊ KIA ထုတ် KA ၁ လက်၊ ပွိုင့် ၂၂ လက်လုပ် အတို ၂ လက်၊ MG 1 လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင် ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၁၀၅ တောင့်၊ ပွိုင့် ၂၂ ကျည် ၈ တောင့် ၊ စစ်ဦးထုပ် ၂ လုံး၊ ဖုန်း ၃ လုံး၊ အင်ဗာတာအသေး ၁ လုံး ၊ ပိုက်ဆံ ၁,၅၂၀၀ ကျပ်၊ သေနတ်ပစ်ပြိုင်ပွဲဝင်ဆုတံဆိပ် ၆ ခု တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က သေဆုံးတဲ့စစ်သားအလောင်းတွေကို မနေ့ကညနေ မှာသင်္ဂြိုဟ်ပြီး ပျက်စီးသွားတဲ့ဘန်ကာအချို့ကို ပြုပြင်မှုတွေလုပ်နေတယ်လို့သိရကြောင်း ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Pakokku Underground Force၊ မန်းဘခိုင် (BNU) ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#တောင်သာ #ပျူစောထီးစခန်း #တိုက်ခိုက်မှု #သတင်း
Share Share Share