သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ဒေသခံတဦးက ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက်ဒီမနက် ၁ နာရီမိနစ် ၄၀ ခန့်မှ မိတ္ထီလာလေတပ်ဘက်တက်လာတဲ့ စက်တပ် လေထီး ၂ စီးနဲ့ ရွာတန်းရှည်ကျေးရွာထဲကို ဗုံးသီး ၆ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအပြင်ဘက်ကို ၃ လုံးနဲ့ ကျေးရွာထဲကို ၃ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
"အိမ်ဝိုင်းထဲကိုပဲ ၃ လုံးစလုံးကျတာ။ သူတို့အိမ်ကထရံကာအိမ်ပါ။ အိမ်ဘေးတွေကို ကျတာ။ အစတွေစင်ပြီးထိကုန်တာ။ ထရံတွေပေါက်ထွက်ကုန်တယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ သူက ပြောပါတယ်။
ဗုံးချတိုက်ခိုက်ချိန် အသက် ၂၇ နှစ်အရွယ် မစန္ဒာဝင်း (ခ) မမိပုက ရင်ဘတ်နဲ့ဘယ်ဘက်နံရိုးထိမှန်ပြီး နေရာတင်သေဆုံးကာ အသက် ၃၃ နှစ်အရွယ် ခင်ပွန်းဖြစ်သူမှာ ပေါင်ထိမှန်ဒဏ်ရ၊ အသက် ၃ နှစ်အရွယ်သမီးဖြစ်သူမှာ တင်ပါးဗုံးစမှန်ဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန္ဒာဝင်းရဲ့ ထရံကာနေအိမ်နဲ့ အနီးရှိ ဆောက်လုပ်ဆဲတိုက်အိမ်တလုံးတို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဗုံးစမှန်ထိမှန်ဒဏ်ရာရသွားတဲ့ သားအဖ ၂ ဦးကိုတော့ ဒေသခံတွေက နီးစပ်ရာဆေးရုံကိုပို့ပြီး ဆေးကုသပေးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူက ပြောပါတယ်။
ဗုံးကျချိန်မှာ ရွာခံအချို့က ကျေးရွာပြင်ပကို ထွက်ပြေးခဲ့ရတာမျိုးရှိခဲ့ပြီး မနက်လင်းချိန်မှာတော့ ကျေးရွာထဲကို ပြန်ဝင်လာပြီးပုံမှန်အတိုင်းနေထိုင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #တောင်သာ #စစ်ကောင်စီ #ဗုံးချတိုက်ခိုက်
Share Share Share