တောင်သာမှာ ဆက်ကြေးကောက်နေတဲ့ ရဲ ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

တောင်သာမှာ ဆက်ကြေးကောက်နေတဲ့ ရဲ ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာတောင်ဘက် မိတ္ထီလာနဲ့ တောင်သာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ဆက်ကြေးကောက်နေတဲ့ ရဲတွေကို ဖျက်အားပြင်း မိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ရဲ  ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ အဖွဲ့ဆီက သိရပါတယ်။

ဆက်ကြေးကောက်သူတွေဟာ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကဖြစ်ပြီး ၎င်းတို့ကို ဖေဖော်ဝါရီ ၈ ရက် မနေ့က ညနေ ၃ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

မိတ္ထီလာနဲ့ တောင်သာလမ်းပေါ်မှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို မှတ်ပုံတင်မပါ ပါက ဒဏ်ငွေရိုက်တာ၊ အပြစ်မရှိ အပြစ်ရှာပြီး ပိုက်ဆံ မရမက တောင်းတာမျိုးတွေ လုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ 

“(ခရီးသွား)ထောက်ခံစာမပါရင်တောင် ၃ သောင်း (ဒဏ်)ရိုက်တယ်။ ရုံးစည်ကြီးရဲစခန်းမှာ ယာယီတာဝန်ယူထားတဲ့ ဗိုလ်မှူးကနေပြီးတော့ လုပ်နေတာ။ ဆိုက်ကယ်တစီးဆိုရင် လိုင်စင်မပါ၊ မှတ်ပုံတင်မပါရင် ၃ သောင်းကနေ ၅ သောင်း၊ ၁ သိန်းအထိ ဒဏ်ရိုက်တာ” လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ တာဝန်ခံက ပြောပါတယ်။

မနေ့က ညနေ ၃ နာရီလောက်မှာ ၎င်းတို့ ပုံမှန်ဂိတ်ချတောင်းရမ်းနေတဲ့နေရာမှာ ကြိုတင်မိုင်းဆင်ထားပြီး ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

ဆက်ကြေးကောက်ခံတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ၇ ယောက်မှ ၁၀ ယောက်အထိ ပုံမှန်လာရောက်ကောက်ခံကြပေမယ့် မိုင်းခွဲခဲ့တဲ့အချိန်မှာတော့ ဆိုင်ကယ် ၂ စီးနဲ့ ရဲ ၄ ယောက်သာရှိနေတာဖြစ်တယ်လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ တာဝန်ခံက ပြောပါတယ်။ 

“အဲ့ဒီနေရာမှာတင် သေသွားတာက ၂ ကောင်သေသွားတယ်။ အကုန်လုံးမှောက်တာက ၄ ကောင်လုံးမှောက်တာ။ နောက် ၂ ကောင်ကလည်း သေဖို့များတယ်။ ပြည်သူ့ကားတစီးနဲ့ ချောဆွဲပြီးတော့ မလိုင်ပြန်သယ်သွားတယ်” လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ တာဝန်ခံက ပြောပါတယ်။ 

“ရုံးစည်ကြီးရဲစခန်းက စခန်းမှူးဖြစ်သူ အာကာလွှမ်းမိုးက မိန်းမ ပပအတွက် အိမ်စီးကားဝယ်ယူရေး အစီအစဥ်နဲ့ လမ်းဘေးထွက်ဆက်ကြေးကောက်နေတာ” လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ တာဝန်ခံက ပြောပါတယ်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်ရေးမစ်ရှင်ကို Burmese Guerrilla Force(BGF) နဲ့ Bagan Ogre Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#မန္တလေးတိုင်း #တောင်သာမြို့နယ် #ရုံးစည်ကြီးကျေးရွာ #မိုင်း #ရဲတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10