တောင်သူကို အခက်တွေ့စေတဲ့ စိုက်ပျိုးရေးစီမံကိန်းအလွဲများ

မြန်မာနိုင်ငံရဲ့အဓိက စီးပွါးရေးအသက်သွေးကြောဟာ စိုက်ပျိုးရေးလုပ်ငန်းပဲဖြစ်ပါတယ်။ မြန်မာပြည်သူလူထုရဲ့ ၇၀ ရာခိုင်နှုန်းဟာလဲကျေးလက်နေပြည်သူတွေဖြစ်ကြပြီး စိုက်ပျိုးရေးနဲ့သာအဓိက အသက်မွေးနေကြသူတွေပါ။
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာမှာ နေရာဒေသ မြေအမျိုးအစား ရာသီဥတု ဈေးကွက်စတဲ့အချက်တွေကို အခြေခံစဉ်းစားတွက်ချက်ပြီးမှ စိုက်ပျိုးသင့်တဲ့ သီးနှံအမျိုးအစားများကို ရွေးချယ်လုပ်ကိုင်ကြရတာဖြစ်ပါတယ်။
သို့ပေမယ့် ခေတ်အဆက်ဆက်မှာ အစိုးရစီမံကိန်းဆိုပြီး စိုက်ပျိုးရေးကိုခေါင်းစဉ်အမျိုးမျိုးတပ်ကာ ပြည်သူလူထုတွေကို မဖြစ်မနေအကောင်အထည်ဖော်စေခဲ့တဲ့ စိုက်ပျိုးရေးစီမံကိန်းအလွဲများစွာ ရှိခဲ့ဘူးပါတယ်။
ယခုလည်း စကစ ကလုပ်နေတဲ့ ဝါစိုက်ပျိုးရေးအထူးစီမံကိန်းနဲ့ နေကြာ စီမံကိန်းတွေကရော ဘယ်လောက်အထိ ထိရောက် အောင်မြင်မလဲ ဆိုတာ စောင့်ကြည့်နေရတဲ့အခြေအနေပါ။
ဒီလို စိုက်ပျိုးရေးစီမံကိန်းအလွဲတွေကြောင့် တောင်သူလယ်သမားတွေအပါအဝင် ပြည်သူလူထုတရပ်လုံးရဲ့ စီးပွါးရေး လူမှုရေးစတာတွေအပေါ် ဘယ်လိုထိခိုက်စေလဲ စတာတွေကို ဒီတပါတ် မြေလတ်ဒေသ "လူမှု စီးပွါး"အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ)က သုံးသပ်တင်ဆက်ပေးထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10