တောင်သူတွေထောက်ပံ့တဲ့လယ်မှာ တပ်ဖွဲ့ရိက္ခာအတွက် စပါးစိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၂၀၊ ရိုးမရာဇာ နယ်စည်းမခြားတပ်ရင်းက ရဲဘော်ရဲမေတွေဟာ တပ်ရင်းရိက္ခာဖူလုံဖို့အတွက် ဒေသခံတောင်သူတွေ ထောက်ပံ့ပေးတဲ့လယ်မှာ စပါးစိုက်ပျိုးခဲ့ကြပါတယ်။ 

သြဂုတ် ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်တာမှာ ရဲဘော်ရဲမေ အင်အား ၅၀ လောက်နဲ့ စိုက်ပျိုးခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀၊ ရိုးမရာဇာ နယ်စည်းမခြားတပ်ရင်း ခေါင်းဆောင် ဗိုလ်လဂွန်းအိမ်က ပြောပါတယ်။ 

တပ်ရင်းအခြေစိုက်ရာ ဒေသအနီးမှာရှိတဲ့ ဒေသခံတောင်သူတွေထောက်ပံ့ထားတဲ့ လယ် ၃ ဧကမှာ စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး စိုက်ပျိုးရေးမှာကျွမ်းကျင်မှုမရှိတာကြောင့် ၃ ရက်ခွဲလုပ်ခဲ့ရတာလို့လည်း ဆိုပါတယ်။ 

အထောက်အပံ့ရရှိမှုအားနည်းပြီး ရိက္ခာလိုအပ်နေတဲ့သူတို့အဖို့ လက်ရှိစိုက်ပျိုးထားတဲ့လယ်ကနေ စပါးတင်း ၂၀၀ လောက်ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပြီး ဒါဟာ တပ်ရင်းအတွက် တထောင့်တနေရာက အထောက်အကူ ဖြစ်စေမယ်လို့လည်း ဗိုလ်လဂွန်းအိမ်က ပြောပါတယ်။ 

ဗိုလ်လဂွန်းအိမ်တို့ တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာအခြေစိုက်ထားပြီး ရဲဘော်ရဲမေအင်အား ၂၅၀ လောက်နဲ့ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တခုလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #တောင်သူ #စပါးစိုက်ပျိုး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10