တောင်သူလုပ်ပြီး လက်နက်ကိုင်တော်လှန်နေတဲ့ BRR ရဲဘော် ၁၅ ဦး (ရုပ်/သံ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ Burma Revolution Rangers အဖွဲ့ဟာ တော်လှန်ချိန် ၂ နှစ်ကျော်ကြာလာတဲ့အထိ လက်နက်ခဲယမ်းအတွက် တောင်သူလုပ်ရင်း ရဲဘော်အင်အား ၁၅ ဦးနဲ့ တော်လှန်နေတာလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။ 

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကအဖွဲ့ဖြစ်တဲ့ BRR တပ်ဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ၁၁ လပိုင်း၊ ၂၃ ရက်နေ့က စတင်ကာ ရဲဘော်အင်အား ၂၀ ဦးနဲ့ စစ်အာဏာရှင်ကိုတော်လှန်ခဲ့ပြီး လက်ရှိအထိ Local အဖွဲ့တခုအနေနဲ့ပဲ ပါဝင်ပူးပေါင်းနေတယ်လို့ သိရပါတယ်။

လူ ၂၀ ဦးနဲ့ စတင်တည်‌ထောင်ခဲ့ပေမယ့် အခုလက်ရှိအင်အား ၁၅ ဦးသာကျန်ပြီး မဟာမိတ်ရဲဘော်တွေနဲ့ တိုက်ပွဲဝင်နေဆဲလို့ တာဝန်ခံက ဆိုပါတယ်။

Burma Revolution Rangers အဖွဲ့အနေနဲ့ စစ်ကောင်စီကို ပခုက္ကူတမြို့ထဲအတွင်းမှာသာမဟုတ်ဘဲ ပုလဲမြို့၊ ချောက်မြို့ပေါ်တွေမှာလည်း တိုက်ပွဲဖော်ဆောင်တာတွေလည်းရှိနေပြီးလက်နက်ပိုင်းအရပြည့်စုံမှုမရှိသေးဘူးလို့ သိရပါတယ်။

ပြည်သူလူထုပေးတဲ့ ရိက္ခာနဲ့စားသောက်ပြီး လက်နက်ခဲယမ်းအတွက်ကတော့ ရဲဘော်တွေက တောင်သူတွေဖြစ်တာကြောင့် တိုက်ပွဲနားချိန် တောအလုပ်တွေလုပ်ရင်းနဲ့ အခက်ပေါင်းများစွာကြားကနေ ရအောင်ရပ်တည်ရင်း စစ်အာရှင်စနစ်ကို တော်လှန်နေခဲ့တာပါလို့ သူကဆက်ပြောပါတယ်။

Burma Revolution Rangers အဖွဲ့ဟာ NUG လက်အောက်ကမဟုတ်ပေမယ့် မြို့နယ် ပကဖ အောက်ကနေ စည်းမျဉ်းစည်းကမ်းတွေအတိုင်းသွားနေပြီး တော်လှန်ရေးမိတ်ဖက်အဖွဲ့တွေနဲ့အတူ မိုင်းမစ်ရှင်၊ တိုက်ပွဲပေါင်း ၆၀ လောက်ပါဝင်တိုက်ခိုက်ထားသလို စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး မြို့တွင်းတိုက်ပွဲလုပ်တာမှာ ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #မကွေးတိုင်း #မြိုင် #လက်နက်ကိုင်တော်လှန်ရေး #BurmaRevolutionRangers #စစ်ကောင်စီ #တောင်သူလယ်သမား #စိုက်ပျိုးရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10