တောပုရွာက ပျူစောထီးကင်းစခန်း မနက်စောစောဝင်တိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးကင်းစခန်းကို အောက်တိုဘာ ၄ ရက် မနက် ၅ နာရီဝန်းကျင်မှာ PDF ၄ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီ့ကင်းစခန်းကို ဝင်တိုက်ဖို့ မနက် ၃ နာရီလောက်ကတည်းက ချဥ်းကပ်ခဲ့ပြီး ၅ နာရီဝန်းကျင်မှာ လက်နက်ငယ်တွေနဲ့ ပစ်ပြီး ဝင်တိုက်ခဲ့ကြတာလို့ သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

"ကျနော်တို့ လက်နက်ငယ်တွေနဲ့ ရှေ့ကဝင်ပစ်ကြတာ။ နောက်ကနေလက်နက်ကြီး ရော့ကတ်နဲ့ထုတာ။ ပျူတွေဘက်ကလည်း လက်နက်ငယ်တွေ ၈၁ မမ တွေနဲ့ လည်းပြန်ပစ်တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။" လို့ ကိုနွေဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ တောပုရွာက ပျူစောထီး ၅ ဦးသေပြီး ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ မျက်မြင်တွေ့သူတွေလည်းရှိသလို သတင်းပေးတွေဆီကတဆင့်လည်း သိရတယ်လို့ဆိုပါတယ်။

ပျူစောထီးထိခိုက်သေဆုံး အရေအတွက်ကို မြေလတ်အသံက သီးခြားအတည်ပြုထားတာ မရှိသေးပါဘူး။

အဲ့ဒီရွာမှာ နေပြည်တော်မှာ စစ်သင်တန်းဆင်းလာသူတွေက ပျူစောထီးအချို့ကို သင်တန်းပြန်ပေးနေတာကို သတင်းရထားတယ်လို့ ကိုနွေဦးက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Special Force 11PDF၊ Anonymous Special Task Force၊ Monywa Special ဒိတ်ဒိတ်ကြဲ နဲ့ Monywa Dynamite(STF) တို့က ပူးပေါင်းလုပ်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #ပျူစောထီး #သင်တန်းပေး #တိုက်ခိုက်ခံရ #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10