သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁ ရက်ဒီမနက်၇ နာရီလောက်မှာ တော်လှန်ရေးကာလ ၂ နှစ်ပြည့်သွားပေမယ့် ရဲဘော်တွေအနေနဲ့ ဘယ်တော့မှသွေးမအေးကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ စုစုပေါင်းရဲဘော် အင်အား ၂၀၀ ဝန်းကျင်ပါဝင်ပြီး မနက် ၇ နာရီကနေ ၁၀ နာရီအတွင်း ပြုလုပ်ခဲ့ကြတာပါ။
နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုသားငယ်က "ဒါက ကျနော်တို့ဘက်က တော်လှန်ရေး ၂ နှစ်ပြည့် သွေးမအေးကြောင်း ပြည်သူနဲ့တသားတည်းရှိကြောင်း ရဲဘော်တွေလက်နက်မကိုင်ပဲ သပိတ်ဆန္ဒထုတ်ဖော်ကြတာပါဗျ" လို့ ပြောပါတယ်။
မတ္တရာမြို့နယ်က ကောင်းကင်တော်လှန်ရေးအင်အားစု၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်းက LPDF ပြောက်ကျားတပ်ဖွဲ့များ၊ စစ်ကိုင်းမြို့နယ်ကျေးရွာ(ပ.က.ဖ) တပ်ဖွဲ့ဝင်တွေက စုပေါင်းပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
#မြေလတ်အသံ
Share Share Share